နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ် ၁၀၀ ခန့်အား အခမဲ့ခွဲစိတ်ပေးမည်
16-Mar-2018
စစ်ကိုင်းတောင်ရိုးရှိ သီတဂူအာယုဒါန ဆေးရုံတွင် အမေရိကန်၊ သြစတြေးလျ၊ က နေဒါနှင့် အိန္ဒိယနိုင်ငံတို့မှ ခွဲစိတ် ဆရာဝန်များအဖွဲ့က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်များအား အခမဲ့ ခွဲစိတ်ကုသမည်ဖြစ်သည်။
နိုင်ငံတကာတွင် မိခင်နှင့် ကလေး၊ ပိုလီယိုတိုက်ဖျက်ရေးနှင့် ကျန်းမာရေးလှုပ်ရှားမှုများ ဆောင်ရွက်နေသော Rotary Club of Yangon ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် အမေရိကန်နိုင်ငံ Alliance for Smiles Mission မှ ဆရာဝန်ကြီးများက ခွဲစိတ်ပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များအား ကျန်းမာပျော်ရွှင်သော လူနေမှုဘဝရရှိစေရန် ယခုကဲ့သို့ ခွဲစိတ်ပေးခြင်း ဖြစ်ကြောင်း Rotary Club of Yangon ဒုဥက္ကဋ္ဌဒေါ်ဟေမာမောင်က ပြောသည်။
ဆရာဝန်ကြီးများ ပါဝင် သော ၁၆ ဦးအဖွဲ့က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ် ၁၀၀ ခန့်အား ခွဲစိတ်ကုသပေးနိုင်ရန် မှန်းထားပြီး ယင်းကလေးငယ် များကို မတ်လ ၁၉ ရက်တွင် စတင် ဆေးစစ်မည်ဖြစ်ကာ ၂၀ ရက်တွင် ခွဲစိတ်မည်ဖြစ်သည်။
‘‘လက်ရှိစာရင်းသွင်းထား တာက ၁၀၇ဦးရှိတယ်။ အခုစာ ရင်းသွင်းထားတဲ့ကလေးတွေက တော့ ဦးစားပေးထဲမှာပါသွား မယ်။ ဒါပေမဲ့ စာရင်းမသွင်း ထားဘဲ တကယ်လို့ သူတို့က ခွဲ တဲ့နေ့မှာရောက်လာတယ်။ ပထ မနေ့၊ ဒုတိယနေ့လောက်မှာ ရောက်လာတဲ့အခါ ကျလို့ရှိရင် ခွဲ စိတ်ဖို့အတွက် အချိန်ရှိနေသေး တယ်ဆိုရင် ခွဲပေးဖို့များတယ်။ တကယ်လို့များမပါခဲ့ရင် နောက် ပိုင်း Mission တွေရှိသေးတယ်။ အဲဒါတွေကိုလွှဲပေးမယ်’’ ဟု ဒေါ်ဟေမာမောင်က ရှင်းပြသည်။
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဆို သည်မှာ မွေးရာပါနှုတ်ခမ်း(သို့ မဟုတ်) အာခေါင်တွင်သော် လည်းကောင်း၊ နှစ်ခုစလုံးတွင် သော်လည်းကောင်း အက်ကွဲ ကြောင်းရှိနေခြင်း ဖြစ်သည်။ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေး များ မွေးဖွားလာနိုင်ခြေသည် ကလေး ၇၀၀ တွင် တစ်ဦးနှုန်းဖြစ် ပြီး အာရှတိုက်နှင့် အိန္ဒိယ၊ အမေ ရိကန်မျိုးနွယ်စု ကလေးသူငယ် များ၌ ပိုမိုအဖြစ်များသည်။
အဆိုပါ ရောဂါများသည် မျိုးရိုးလိုက်ခြင်း၊ ကိုယ်ဝန်ဆောင် စဉ် မိခင်က အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးသုံးစွဲခြင်း၊ ဗိုင်းရပ်စ် ပိုး၊ ဓာတုပစ္စည်းများ၊ ပိုးသတ် ဆေး၊ ခဲအဆိပ်သင့်ခြင်း၊ သတ္တု အဆိပ်သင့်ခြင်း စသည်တို့ကြောင့်အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲ ကလေးငယ်များ မွေးဖွားလာနိုင်ပြီး ကလေးငယ်များတွင် နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် အကြားအာရုံထိခိုက်၍ နားမကြားသည်အထိ ဖြစ်နိုင်ကြောင်း ဆရာဝန်များက ပြောသည်။
Credit : 7 day daily
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
