ကြွက်မှကူးစက်သည့် လက်စ်ဆာအဖျားရောဂါ ဖြစ်ပွားမှုကြောင့် နိုင်ဂျီးရီးယား...
10-Mar-2018
နိုင်ဂျီးရီးယားနိုင်ငံတွင်ကြွက်မှ ကူးစက်သည့် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည့် လက်စ်ဆာအဖျား ရောဂါရုတ်တရက်ဖြစ်ပွားမှုကြောင့် သေဆုံးသူအရေအတွက် ၁၁ဝ ထက်မနည်းသေဆုံးခဲ့ရပြီးလူပေါင်း ၃၅၃ ဦးသည် ရောဂါကူးစက်ခံစား နေရကြောင်း နိုင်ဂျီးရီးယားရောဂါ ထိန်းချုပ်ရေးဌာန(NCDC) ၏ ပြောကြားချက်အရ သိရသည်။
နောက်ထပ် ၇၆၆ ဦးသည် ရောဂါ ကူးစက်ခံနေရဖွယ်ရှိပြီး ၎င်းတို့နှင့် ဆက်နွှယ်သူ ၃၁၂၆ ဦးလည်း စောင့်ကြည့်စစ်ဆေးနေလျက်ရှိ ကြောင်း သိရသည်။ အစောပိုင်း တွင် လူ ၇၈ဦးထက်မနည်းသေဆုံး သည်ဟု(NCDC)က ထုတ်ပြန်ခဲ့ ပြီး ပြည်နယ်ငါးခုတွင် လက်စ်ဆာ အဖျားရောဂါခံစားနေရသူ ၃၅ ဦး ထပ်မံသေဆုံးခဲ့သည်ဟုသိရသည်။
လက်စ်ဆာအဖျားရောဂါသည် ကြွက်မှတစ်ဆင့် ဗိုင်းရပ်စ်ပိုးကူး စက်မှုကြောင့်ခန္ဓာကိုယ်တွင်းသွေး လွန်မှုဖြစ်စေသည့် ပြင်းထန်သော အဖျားရောဂါတစ်မျိုးဖြစ်ကာ၁၉၆၉ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အနောက်အာဖရိကနိုင်ငံများတွင် အထူးသဖြင့် နိုင်ဂျီးရီးယားတွင် အများဆုံးဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်စ်ဆာအဖျား ရောဂါသည်အတန်အသင့်နှင့်အပြင်း အထန်ဖြစ်ပွားနိုင်ပြီး ပြင်းထန်ပါ က သွားဖုံး၊မျက်လုံးနှင့်နှာခေါင်း တို့မှ သွေးယိုစိမ့်မှုများဖြစ်ပေါ်နိုင် သည်ဟုသိရသည်။
၎င်းအဖျား ရောဂါသည် ဗိုင်းရပ်စ်ပိုးရှိနေသည့် ကြွက်များဖြင့် ထိတွေ့ထားသည့် အစားအစာ သို့မဟုတ် ပစ္စည်းများ ကိုကိုင်တွယ်မိခြင်းအားဖြင့် လည်း ကောင်း၊ ဗိုင်းရပ်စ်ပိုးကူးစက်ခံ ထားရသည့်လူတစ်ဦး၏ခန္ဓာကိုယ် မှထွက်ရှိသည့် အရည်တစ်မျိုးမျိုး ကိုထိတွေ့မိမှုကြောင့်လည်းကောင်း ကူးစက်ပျံ့နှံ့နိုင်သည်ဟုသိရသည်။ ယင်းအဖျား ရောဂါအတွက် ယခု အချိန်ထိ ကာကွယ်ဆေးမရှိသေး ကြောင်းလည်း သိရသည်။
နောင်နောင်
Ref: CNN
The Union Daily
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
