သွေးလှူဘဏ်၌ တစ်ရက်လျှင် သွေးအိတ် ၃ဝဝ ခန့်လိုအပ်နေ
05-Dec-2017
အမျိုးသားသွေးလှူဘဏ်၌ တစ်ရက်လျှင် သွေးအိတ် ၃ဝဝ ခန့်လိုအပ်နေကြောင်း သွေးလှူဘဏ် မှ ဒေါက်တာသီတာအောင်က နိုဝင်ဘာလ ၂၃ ရက်တွင် ပြောသည်။
“သွေးလှူဘဏ်မှာ သွေးလိုအပ်မှုဖြစ်နေပါတယ်။ ဒါကလည်း အခုလ အလှည့်ကျတာက တက္ကသိုလ်တွေဖြစ်ပါတယ်။ ဒါပေမယ့် အခုလက တက္ကသိုလ်တွေပိတ်တဲ့ရက်နဲ့ တိုက်ဆိုင်သွားတဲ့အတွက် သွေးတွေလိုအပ်နေတာဖြစ်ပါတယ်။ ဆရာမတို့ဘက်ကလည်း လာရောက်လှူဒါန်းနိုင်မယ့် အလှူရှင်တွေ၊ အဖွဲ့အစည်းအသီးသီးကို ဆက်သွယ် စုဆောင်းနေပါတယ်။ ဖေ့ဘုတ်ကနေလည်း ရှာဖွေနေသလို၊ ဖုန်းနဲ့ ဆက်တိုက်ခေါ်ပြီး လိုအပ်ချက်ကို ပြည့်မီဖို့အတွက် ကြိုးစားရှာဖွေနေပါတယ်။ လာရောက်လှူဒါန်းကြဖို့လည်း ဖိတ်ခေါ်ပါတယ်” ဟု ဒေါက်တာသီတာအောင်က ပြောသည်။
သွေးလှူဘဏ်တွင် အဆင်သင့်သိမ်းဆည်းထားသည့် သွေးများရှိသော်လည်း သွေးပြတ် လပ်မသွားရန် တစ်ရက်လျှင် သွေးအိတ် ၃ဝဝ ခန့် လိုအပ်နေကြောင်း သိရသည်။ သွေးလှူဘဏ်သို့ လာရောက်သွေးလှူဒါန်းမှုများ နေ့စဉ်ရှိသော်လည်း စနေ၊ တနင်္ဂနွေပိတ်ရက်များတွင် လာရောက်လှူဒါန်းမှုနည်းပါးကြောင်း သိရသည်။ ထို့ ကြောင့် စနေ၊ တနင်္ဂနွေ နေ့များတွင်လည်း လာရောက်လှူဒါန်းစေလိုပြီး အဆိုပါနေ့တွင် သွေးလှူဘဏ်ကို နေ့လည် နှစ်နာရီအထိ ဖွင့်လှစ်ပေးထားပြီး တနင်္လာနေ့မှ သောကြာနေ့အထိကို ညနေ ငါးနာရီအထိ ဖွင့်လှစ်ပေးထားကြောင်း သိရသည်။ သွေးလှူဘဏ်အနေဖြင့် ရရှိလာသည့် သွေးများအား အစိုးရဆေးရုံ ၁၄ ရုံကို ပံ့ပိုးထောက်ပံ့နေရကြာင်း သိရသည်။
Credit : ပြည်မြန်မာ
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
