Lifebuoy မှ တုပ်ကွေးရာသီတွင် H1N1 ရောဂါပိုး မကူးစက်စေရန် ကျန်းမာရေး ပည...
23-Sep-2017
Lifebuoy မှ တုပ်ကွေးရာသီတွင် H1N1 ရောဂါပိုး မကူးစက်စေရန် ကျန်းမာရေး ပညာပေး ကျင်းပခြင်း
Lifebuoy မှ တုပ်ကွေးရာသီတွင် H1N1 ရောဂါပိုး မကူးစက်စေရန် ကျန်းမာရေး ပညာပေး ကျင်းပခြင်းကို ၃၀.၇.၂၀၁၇ ၌ ရန်ကုန်မြို့ပေါ်ရှိ ဆေးရုံများတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် Unilever Personal Care Marketing Manager Jonathan Pua မှ အဖွင့်အမှာစကားပြာကြားပြီး H1N1 ကူးစက်ခံနေရမှုနှင့် လက်ဆေးခြင်းဖြင့် ကူးစက်မှုကို ကာကွယ်နိုင်စေဖို့ ထပ်မံပြောကြားခဲ့ပါသည်။ ယခုလို အရေးကြီးသော အချိန်တွင် ကာကွယ်ခြင်းသည် ကုသခြင်းထက် အရေးပါပုံနှင့် အသက်ကယ်ရာတွင် အခြေခံကျသော လူထုကျန်းမာရေး အလေ့အကျင့်တစ်ခုဖြစ်သည့် လက်ဆေးခြင်းကို မြှင့်တင်ခြင်းဖြင့် ရောဂါကာကွယ်ရန် Lifebuoy ကူညီပေးနေလျက်ရှိပါသည်။ ထိုရည်ရွယ်ချက်ကို ဖြည့်ဆည်းနိုင်ရန် Lifebuoy အနေဖြင့် ရန်ကုန်မြို့ပေါ်ရှိ ဆေးရုံများကို ဆပ်ပြာနှင့် လက်ဆေးဆပ်ပြာဆေးဘူးများအား လှူဒါန်းခဲ့ပါသည်။ ထို့နောက် Lifebuoy ၏ သံတမန်တစ်ဦးဖြစ်သူ ဒေါက်တာ ချစ်သူဝေမှလည်း “နိုင်ငံမှာ H1N1 ရောဂါပိုး ပျံ့နှံ့နေတာ သိရတဲ့အတွက် လွန်စွာ စိတ်မကောင်းဖြစ်ရပါတယ်။ တုပ်ကွေးရာသီမှာလည်း လူတိုင်း ကျန်းမာအောင် ဂရုစိုက်ဖို့ ပြောချင်ပါတယ်။ Lifebuoy ဆပ်ပြာဟာ ဆရာဝန်များရဲ့ အသိအမှတ်ပြုခံထားရတဲ့ ဆပ်ပြာဖြစ်ပါတယ်။ Lifebuoy လို ကျန်းမာရေးဆပ်ပြာနဲ့ လက်ဆေးတာဟာ သင်နဲ့ သင့်မိသားစုကို ရောဂါပိုး ၁၀ မျိုးနဲ့ မမြင်နိုင်တဲ့ ပိုးမွှားများမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် H1N1 ရောဂါပိုး ကူးစက်မှုကို လျှော့ချနိုင်ဖို့ Lifebuoy နဲ့ လက်ဆေးခြင်းအလေ့အကျင့်ကို လိုက်နာဖို့ အားလုံးကို အကြံပေးချင်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
