Myanmar Phar-Med Expo 2017 သတင်းနှင့် စာနယ်ဇင်း မိတ်ဆက်ပွဲကျင်းပ
30-May-2017
Myanmar Phar-Med Expo 2017 သတင်းနှင့် စာနယ်ဇင်း မိတ်ဆက်ပွဲကျင်းပ .....
၂၀၁၇ မြန်မာနိုင်ငံ၏ ဆေးဝါးနှင့် ဆေးပစ္စည်းဆိုင်ရာ နိုင်ငံတကာကုန်စည်ပြပွဲ မိတ်ဆက်ခြင်းကို ၂၄.၅.၂၀၁၇ တွင် ရန်ကုန်မြို့ အထက်ပန်းဆိုးတန်းလမ်းရှိ Rose Garden Hotel ၌ ကျင်းပခဲ့ပါသည်။ အဆိုပါပွဲတွင် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များ၏အထွေထွေအတွင်းရေးမှူး (၁) Dr. သင်းနွယ်ဝင်းမှကြိုဆိုနှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီးနောက် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း၏ဒုတိယဥက္ကဌဖြစ်သူ Dr.ထင်ပေါ်မှ အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံသွားဘက်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုအသင်း၏ဥက္ကဋ္ဌ ဒေါက်တာအောင်ဆန်းမှ အမှာစကားပြောကြားပြီးနောက် Ms.Naithy Cyriac (Manager;Head of Myanmar Office at solidiance Asia Pacific) မှ မြန်မာ့ကျန်းမာရေးစောင့်ရှောက်ရေး အခန်းကဏ္ဍရဲ့ အခွင့်အလမ်းများအကြောင်းတို့ကို ဟောပြောဆွေးနွေးခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ကျန်းမာရေးနယ်ပယ်မှ အခွင့်အလမ်းများအကြောင်းကို ဆွေးနွေးတင်ပြခဲ့ပါတယ်။ ထို့နောက် ပြပွဲစီစဉ်သူအဖွဲ့မှ နိုင်ငံတကာဆေးဝါးဆိုင်ရာကုန်စည်ပြပွဲအကြောင်း ရှင်းလင်းပြောကြားကာ VEAS Co.,Ltd မှ ဇီဝိတဒါန သံဃာ့ဆေးရုံသို့ အလှူငွေများပေးအပ်ခဲ့ပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
