ဆေးလိပ်ကြောင့် သေဆုံးသူ တနေ့တခြား ပိုများပြား
26-Apr-2017
ကမ္ဘာတဝှမ်းမှာ ဆေးလိပ်သောက်သုံးမှုကြောင့် သေဆုံးရသူ ဦးရေဟာ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်က ၆ သန်းခွဲ ရှိတယ်လို့ သုတေသနပညာရှင်အဖွဲ့တခုက ကြာသပတေးနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ၂၅ နှစ်ကနဲ့ နိုင်းစာရင် ၅% နီးပါး ပိုမိုများပြားလာတာ ဖြစ်ပါတယ်။ ဆေးလိပ်သောက်သုံးသူ ဦးရေကလည်း ၁၉၉ဝ မှာ သန်း ၈ရဝ ရှိခဲ့ရာကနေ ၂ဝ၁၅ ခုနှစ်မှာ သန်း ၉၃ဝ အထိရှိလာခဲ့တယ်လို့် The Lancet ဆေးပညာဂျာနယ်မှာ ဖေါ်ပြထားပါတယ်။
ကမ္ဘာပေါ်မှာ သေဆုံးသူ လူ ၁ဝ ယောက်မှာ ၁ ယောက်ဟာ ဆေးလိပ်သောက်လို့ဖြစ်ပြီး သေသူဦးရေ တဝက်လောက်ဟာ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်သူတွေပါ။
စီးကရက်၊ ဆေးပြင်းလိပ်စတဲ့ ဆေးရွက်ကြီး ကုမ္ပဏီတွေဟာ ကမ္ဘာတဝှမ်းမှာ ကလေးအလုပ်သမားတွေကို အသုံးပြုခြင်းနဲ့ ဆင်းရဲတဲ့နိုင်ငံတွေက လူငယ်တွေကို ရာသက်ပန် ဆေးလိပ်စွဲသွားအောင် ပြုလုပ်ခြင်းတွေကနေ အမြတ်အစွန်း ရရှိနေကြတယ်လို့ ဗြိတိန်တက္ကသိုလ် ပညာရှင်တစ်ဦးက ပြောပါတယ်။
ဆေးရွက်ကြီးဟာ တရားဝင်ခွင့်ပြုထားတဲ့ လူသတ်ပစ္စည်းဖြစ်ပြီး ဆေးလိပ်သောက်သူ တဝက်လောက်ဟာ သူတို့ပုံမှန်နေရမယ့် အချိန်ထက်စောပြီး သေဆုံးနေကြရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ထားပါတယ်။
Credit : မြဝတီ
RFA Burmese
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
