Print

“ နွားကထွက်ပြေးသွားပြီလေ”

  23-Jul-2018
Preview Image

စိတ်ရောဂါ အထူးကု ဆေးရုံတွင်ဖြစ်သည်... ဒေါက်တာဂွကို လူနာတစ်ယောက်က 

စာရွက်တစ်ခုကို ပြကာ

"တွေ့လားဆရာ... ကျွန်တော်ဆွဲထားတဲ့ နွားတစ်ကောင် မြက်ခင်းပြင်မှာ အစာစားနေတဲ့ ပန်းချီလေ... "

"မြက်ကို မတွေ့ပါလား...."

"မြက်က မရှိတော့ဘူးလေ... နွားစားလို့ ကုန်သွားပြီ..."

"သြော်... ဒါနဲ့ နွားကရော..."
လူနာက ဒေါက်တာဂွကို တုံးလိုက်တာဟူသော အကြည့်ဖြင့် ကြည့်လိုက်ပြီး

"နွားက ထွက်သွားပြီလေ... မြက်မရှိတော့တဲ့နောက် အဲနေရာမှာ 

သူဘာဆက်လုပ်နေရဦးမှာတုန်း.!!"


ကြယ်မင်းတာယာ


Related Articles


Advertisment 18