ဒေါက်တာ ဂွစာ (၄)
21-Feb-2017
ဒေါက်တာဂွ တစ်ယောက် မြင်မြင်သမျှမှန်ကို လေးခွနှင့် ပစ်ပြီး ခွဲတတ်သော စိတ်ရောဂါ လူနာကို ကုသပြီး ကျန်းမာရေး အခြေအနေကို စစ်ဆေးနေသည်...
"ကဲ... အခု ခင်ဗျားတော်တော် ကျန်းမာလာပြီ... ပြောစမ်းပါဦး... တကယ်လို့ အခုနေ ခင်ဗျားကို ဆေးရုံက ပေးဆင်းလိုက်ရင် ဘာတွေ လုပ်မလဲ?"
"ကျွန်တော်လား... ဒီကနေ ဆင်းခွင့်ရရင် ကျွန်တော် နိုက်ကလပ်ကိုသွားမယ်..."
"အင်း..."
"ပြီးရင် ကလပ်က အလန်းဆုံး ကောင်မလေးနားကို ချဉ်းကပ်မယ်ဆရာ..."
"ဟုတ်ပြီ... ပြီးရင်ရော..."
"ပြီးရင် သူ့ကို မှန်တွေနဲ့ကာရံထားတဲ့ ဟိုတယ်ကြီးဆီ ခေါ်သွားမယ်ဆရာ..."
"ခေါ်သွား ပြီးတော့...?"
"အခန်းထဲရောက်ရင် ကျွန်တော် သူ့ဘောင်းဘီကို ချွတ်မယ်ဗျာ..."
"ကောင်းခန်း ရောက်လာပြီ... ဆက်ပြောပါဦး... "
"ပြီးရင် သူ့ ပင်တီလေးကို ဆွဲချွတ်မှာပေါ့..."
"မင်း... အတွေးတွေ ပုံမှန် ပြန်ဖြစ်လာပြီပဲ...နောက်ပြီးရင် ဘာဆက်လုပ်မလဲ??"
"ဘာလုပ်ရမှာလဲ... သူ့ပင်တီထဲက သားရေကြိုးကိုထုတ်... လေးဂွလုပ်ပြီး ဟိုတယ်က မှန်တွေကို ပစ်ခွဲမှာပေါ့..."
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

