Tapeworm (သန်ပြားကောင်)
21-Nov-2016
သန်ပြားကောင်ဆိုသည်မှာ လူ၏အူအတွင်းတွင် နေထိုင်ပြီး ရောဂါဖြစ်စေသည့် ကပ်ပါးကောင် အမျိုးအစားတစ်မျိုးဖြစ်သည်။
လက္ခဏာများ
- ပျို့အန်ခြင်း
- အစားအသောက်ပျက်ခြင်း
- အားအင်ချည့်နဲ့ခြင်း
- ဗိုက်အောင့်ခြင်း
- ဝမ်းလျှောခြင်း
- ကိုယ်အလေးချိန်ကျဆင်းခြင်း
- ဖျားနာခြင်း
- ခန္ဓာကိုယ်တွင် အလုံးပေါ်ခြင်း
- ဓာတ်မတည့်ခြင်း၊ ယားယံခြင်း
ဖြစ်ပွားရသောအကြောင်းရင်းများ
မသန့်ရှင်းသော အစားအသောက်များ၊ အသားစိမ်း၊ ငါးစိမ်းများကို စားမိရာမှတဆင့် ဖြစ်ပွားနိုင်သည်။ ဥပမာ- ဝက်သား၊ အမဲသား၊ ငါး။
ဖြစ်နိုင်ချေများသူများ
- တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းသူများ
- မသန့်ရှင်းသောနေရာသို့ ခရီးသွားသူများ
- မချက်ပြုတ်ထားသော သို့မဟုတ် ကောင်းမွန်စွာ မချက်ထားသော အသားများကို စားသုံးသူများ
- သန်ပြားကောင် အဖြစ်များသော နေရာဒေသတွင် နေထိုင်သူများ၊ ဥပမာ-အရှေ့တောင်အာရှ၊ အာဖရိက။
နောက်ဆက်တွဲပြဿနာများ
Cysticercosis - သန်ပြားကောင်၏ သားလောင်းပေါက်ကြောင့် အူထဲတွင်သာမကအဆုတ်၊ အသည်း၊ မျက်လုံး၊ ဦးနှောက်ထဲတွင်ပါ ဖြစ်နိုင်ပါသည်။
Hydatid cyst - ခွေးတွင်ဖြစ်သော သန်ပြားကောင်ကြောင့်ဖြစ်လျှင် အဆုတ်၊ အရိုး၊ အသည်းတို့တွင်ဖြစ်နိုင်သည်။
အူပိတ်ခြင်း - အူထဲတွင် သန်ပြားကောင်များပြားစွာ ပွားများနေပါက အူအတက်၊ သည်းခြေပြွှန်စသည်တို့ပိတ်နိုင်သည်။
စစ်ဆေးမှုများ
- ဝမ်းစစ်ခြင်း
- သွေးစစ်ခြင်းနှင့်
- ဓာတ်မှန်ရိုက်ခြင်း- ခန္ဓာကိုယ်အတွင်းရှိ ကလီစာများထဲတွင် သန်ပြားကောင်ကြောင့် ဖြစ်ပေါ်သည့်အလုံးရှိမရှိ စမ်းသပ်ခြင်း။
ကုသခြင်း
- သန်ကျဆေးသောက်ရမည်။ ဆေးသောက်နေစဉ်အတွင်း တကိုယ်ရည်သန့်ရှင်းမှုကို အလေးထားရမည်။
သန်ပြားကောင်သည် အူထဲတွင်သာမက အခြားနေရာများတွင်ပါ တည်ရှိနေပါက (သို့) အလုံးတည်နေပါက သန်ကျဆေးသောက်ရုံသာမက အခြားလိုအပ်သည့် ကုသမှုများကိုပါ ပြုလုပ်ရမည်။ ဥပမာ- ဦးနှောက်အတွင်း အလုံးတည်ပြီး အတက်ရောဂါရနေပါက အတက်ကျဆေးသောက်ရမည်။ အဆုတ်နှင့် အသည်းတွင် အလုံးဖြစ်ပေါ်နေပါက ဆေးသောက်ရုံနှင့် မပျောက်ကင်းပါကခွဲစိတ်နည်းဖြင့် ကုသရမည်။
ကာကွယ်ခြင်း
အစားမစားခင် နှင့် အိမ်သာတက်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောရမည်။
သန်ပြားကောင်ရောဂါ အဖြစ်များသောနေရာများကို ခရီးသွားမည်ဆိုပါက ဟင်းသီးဟင်းရွက်၊ အသီးအနှံများကို စင်ကြယ်စွာဆေးကြောပြီးမှ စားသောက်ပါ။
လူနှင့် တိရိစ်ဆာန်အညစ်အကြေးများကိုု စနစ်တကျစွန့်ပစ်ပါ။ရေခဲသေတ္တာထဲတွင် အသားဆိုပါကအနည်းဆုံး ၁၂ နာရီနှင့် ငါးဆိုပါက အနည်းဆုံး ၂၄နာရီ ခဲအောင်ပြုလုပ်ပေးခြင်းဖြင့် သန်ပြားကောင်နှင့်တကွ သားလောင်းများကိုသေစေနိုင်ပါသည်။မချက်မပြုတ်ထားသော အသားစိမ်း၊ ငါးစိမ်းစားခြင်းကို ရှောင်ကြဉ်ပါ။သန်ပြားကောင်ပိုးရှိသော ခွေးအားစနစ်တကျ ကုသပါ။
Ref: Mayo clinic
NHS choices
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
