Alcoholic hepatitis (အရက်ကြောင့်ဖြစ်သော အသည်းရောင် ခြင်း)
06-May-2017
ရောဂါအကျဉ်း
အရက်ကြောင့်ဖြစ်သော အသည်းရောင် ခြင်းဆိုသည် မှာ အရက်ကို နှစ်ပေါင်းများစွာ အလွန်အကျွံ သောက်သုံးသူများတွင်တွေ့ရသည်။သို့သော် တချို့သောသူများတွင် အရက်ကို ပုံမှန်ပမာဏ သောက်သုံးသောလည်း ဤရောဂါဖြစ်နိိုင်သည်။ရောဂါ ဖြစ်ပွားပါက အရက်သောက်ခြင်းကို ရပ်တန့်ရမည်။
လက္ခဏာများ
အဖြစ်ဆုံးရောဂါ လက္ခဏာမှာ အရေပြားနှင့်မျက်စိများ ၀ါခြင်း ဖြစ်သည်။
တခြားသောရောဂါလက္ခဏာများမှာ
- အစားအသောက်ပျက်ခြင်း
- ပျို့ခြင်းအန်ခြင်း
- ဗိုက်အောင့်ဗိုက်နာခြင်း
- ငွေ့ငွေ့လေးဖျားခြင်း
- နုံးချိနေခြင်း
- ကိုယ်အလေးချိန်ကျခြင်း တို့ဖြစ်နိုင်သည်။
ရောဂါပြင်းထန်လာပါက
- ရေဖျင်းစွဲခြင်း
- စိတ်ပိုင်းဆိုင်ရာပြောင်းလဲခြင်း
- ကိုယ်တွင်းအင်္ဂါများပျက်ဆီးခြင်း တို့ဖြစ်နိုင်သည်။
ဤရောဂါ ဖြစ်ပွားသည်ဟု သံသယရှိပါက ဆရာဝန် နှင့် အမြန်ဆုံး ပြသသင့် သည်။
ဖြစ်ပွားရသည့်အကြောင်းအရင်း
အရက် သည်ကိုယ်ခန္ခာ ထဲသို့ ဝင်ရောက်လာပါက အသည်းတွင် ချေဖျက်ခြင်းခံ ရသည်။ထိုသိုချေဖျက် ရာတွင် အန္တရာယ်ရှိသော ပစ္စည်းများထွက်လာသည်။ ထို ပစ္စည်းများ သည် အသည်းရှိဆဲလ်များကိုရောင်ရမ်းစေသည်။ထိုရောင်ရမ်း ခြင်းကြောင့်အသည်းတွင် အမာရွက် ဖြစ်ကာ အသည်းကိုပျက်စီးစေသည်။အသည်းရောင် အသားဝါ ဘီ ပိုး စီ ပိုး ရှိ သူများတွင်လည်း တွေရ့နိုင် သည်။
ဖြစ်နိုင်ချေများသူများ
- အသည်းရောင် အသားဝါ ဘီ ပိုး စီ ပိုး ရှိ သူများ
- အရက်အလွန်အကျွံ သောက်သုံးသူများ
- အသည်းအဆီဖုံးရောဂါရှိသူများ
- အဝလွန်သူများ
- အရက်သောက်သုံးသော အမျိုးသမီး များ
- မျိုးရိုး အခံရှိသူများ
နောက်ဆက်တွဲ ပြဿနာများ
- အသည်းခြောက်ခြင်း
- အသည်းကင်ဆာ ဖြစ်ခြင်း
- ရေဖျင်းစွဲခြင်း
- ခန္ခာကိုယ် အနှံ့တွင် သွေးကြောများပေါက် ခြင်းကြောင့်သွေးအန်ခြင်း ဝမ်းမဲမဲသွား ခြင်း
- ကိုယ်တွင်းအင်္ဂါများပျက်ဆီးခြင်း
စစ်ဆေးမှုများ
- သွေးတွင်းအသည်းအင်ဇိုင်းများစစ် ခြင်း
- သွေးတွင်းဓါတ်များစစ်ဆေး ခြင်း
- အသည်းကိုဓါတ်မှန် ရိုက်ခြင်း CT/MRI ဓါတ်မှန် ရိုက်ခြင်း
ကုသခြင်း
- ရောဂါ ဖြစ်ပွား သည် ကိုသိရှိ ပါက အရက်သောက်ခြင်းကို လုံးဝ ဖြတ် ပစ် ရမည်။
- ဆေးဝါးများ ဖြင့်ကုသ ခြင်း
- အသည်းအစားထိုး ကုသခြင်း
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
