Print

ဝက်ခြံရောဂါဖြစ်ပွားသည့်အရွယ်

  24-Mar-2017
Preview Image

ဝက်ခြံသည်များသောအားဖြင့် အပျို၊ လူပျိုဝင်စတွင် အများဆုံးစတင် ဖြစ်လေ့ရှိပါသည်။ ၁၂ နှစ်မှ ၁၇ နှစ်အတွင်း ရှိသူများတွင် အများဆုံး တွေ့ရလေ့ရှိပါသည်။ အမျိုးသားများ ဖြစ်ပွားရခြင်းမှာ လူပျိုဖြစ်သည့်အခါ စတင်ထွက်ရှိလာသည့် အင်ဒရိုဂျင် (Androgen) ခေါ် အမျိုးသားဟော်မုန်းများကြောင့်ဖြစ်ပြီး ၊ အမျိုးသမီးများဖြစ်ရခြင်းမှာ ဓမ္မတာသွေးပေါ်ချိန်တွင် မဟော်မုန်းဓာတ်များ ပြောင်းလဲမှုကြောင့် ဖြစ်ပါသည်။ အသက်ကြီးလာသည်နှင့်အမျှ ဝက်ခြံဖြစ်ပွားမှုနှုန်း တဖြည်းဖြည်း လျော့ကျလာရာ ၂၅ နှစ်မှ ၃၄ နှစ်အတွင်း၌ ၈ ရာခိုင်နှုန်းသာ ဖြစ်ပွားပါတော့သည်။ 

 

ဆေးသုနေသီတို့ အဆိုအရ ဝက်ခြံရောဂါ (Acne) သည် အရေပြားရောဂါများထဲတွင် အဖြစ်အများ ဆုံးသော အရေပြားရောဂါတစ်ခုဟု သိရပါသည်။ ဝက်ခြံသည် အရေပြားအတွင်းရှိ အဆီအိတ်ကလေးများ ပိတ်ဆို့ရာမှဖြစ်လာသော ရောဂါ တစ်ခုဖြစ်ပါသည်။ ဝက်ခြံသည် မျိုးရိုးဗီဇပေါ်တွင်လည်း မူတည်ပါသည်။ ဥပမာ ဂျပန်လူမျိုးတို့သည် ဝက်ခြံဖြစ်ပွားမှုနှုန်း ပိုမိုများပြားလေ့ရှိပါသည်။ မျိုးရိုးအပြင် ယင်းတို့၏ အနေအထိုင်၊ အစားအသောက်၊ နေရောင်ခြည်ရရှိမှုပေါ် မူတည်၍ ဖြစ်ပွားမှုနှုန်း မှာလည်း ပြောင်းလဲလေ့ရှိပါသည်။ 

 

Credit : ဒေါက်တာခင်မောင်လွင်



Related Articles


Advertisment 18