နှုတ်ခမ်းသား ပြည့်ပြည့်လေးနဲ့ မလှချင်ဘူးလား
01-Mar-2017
နှုတ်ခမ်းသားမှာ ရှိတဲ့ အရေပြားအလွှာဟာ သုံး (သို့) လေးခုသာရှိတဲ့အတွက် ကျန်တဲ့ခန္ဓာကိုယ် အရေပြားနေရာနဲ့ နှိုင်းယှဉ်ရင် ၁၅ ဆလောက် ပါးလွှာပါတယ်။ ဒါကြောင့်မို့ ပိုပြီး ဂရုစိုက်ပေးဖို့ လိုအပ်တာပါ။ အဲဒီအတွက် sunscreen နဲ့ moisturizer တွေကို လိုအပ်သလို အသုံးပြုပေးရမှပဲ ဖြစ်ပါတယ်။ နှုတ်ခမ်းနှစ်လွှာ ပြည့်ဖြိုးပြီး လှပစေဖို့အတွက်ကတော့ လေ့ကျင့်ခန်းလည်း ရှိပါတယ်။ ဒီလေ့ကျင့်ခန်းကို နေ့စဉ် ပြုလုပ်ပေးသွားရင်
နှုတ်းခမ်းသား ပါးနေသူတွေ ထူထဲလာရုံသာမကဘဲ အထက်နှုတ်ခမ်းမှာရှိတဲ့ အရေးအကြောင်း (အစင်းကြောင်း) တွေဟာလည်း ချောမွတ်လာမှာ အမှန်ပါပဲ။ အဲဒီ လေ့ကျင့်ခန်းကို မတ်တပ်ရပ်လျက်ဖြစ်စေ၊ လဲလျောင်းရင်းဖြစ်စေ ပြုလုပ်ပေးနိုင်ပါတယ်။ သတိပြုရမှာကတော့ နှုတ်ခမ်းသား သေးငယ်တဲ့သူဆိုရင် အခုလေ့ကျင့်ခန်းကို တစ်နေ့တစ်ကြိမ်သာ ပြုလုပ်ဖို့လိုတယ်ဆိုတာ သိထားဖို့ပါပဲ။
ဘယ်လိုလုပ်ရမလဲဆိုရင်
၁။ သွားချင်း မထိစေဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ရပါမယ်။
၂။ လယ်ခလယ်ရဲ့ ထိပ်ပိုင်းနဲ့ အထက်အောက်နှုတ်ခမ်းကြားကို ပွတ်ဆွဲပေးရပါမယ်။
၃။ ပြီးတဲ့အခါ လက်နဲ့ နှုတ်ခမ်းနှစ်လွှာကို အပေါ်ကနေ ဖိထားပေးရပါမယ်။
၄။ နောက်ထပ်ပြီး ပြုလုပ်ရမှာက နှုတ်ခမ်းနှစ်လွှာလုံးကို လက်ချောင်းတစ်ချောင်းတည်းနဲ့နှုတ်ခမ်းတွေ ပူလာတဲ့အထိ ပွတ်တိုက်ပေးရပါတယ်။
၅။ အဲဒီနောက်မှာတော့ လက်ချောင်းကို အပေါ်အောက် ကန့်လန့်ဖြတ်ပြီး အကြိမ်သုံးဆယ်လောက် ပွတ်ဆွဲပေးရပါမယ်။ အခု ဖော်ပြပေးခဲ့တဲ့ လေ့ကျင့်ခန်း ငါးခုကို နေ့စဉ်သတိရတိုင်း ပြုလုပ်ပေးသွားမယ်ဆိုရင် မကြာခင်ကာလမှာ ပြည့်ဖြိုးတဲ့ နှုတ်ခမ်းသားတစ်စုံကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit: Orchid
Health for all magazine, August 2015, Pg.36
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
