မလိုချင်တဲ့အမွှေးတွေ ဖယ်ရှားချင်လား
01-Mar-2017
လူ့ခန္ဓာကိုယ်မှာ အမွှေးလေးတွေရှိတယ်။ သဘာဝပါ။ သို့သော် ခြေ၊လက်၊ဂျိုင်း၊ နှုတ်ခမ်း စတဲ့နေရာတွေမှာ ရှိတဲ့ အမွှေးတွေကတော့ မိန်းကလေးတွေကို ဒုက္ခပေးလေ့ရှိတယ်။ အထူးသဖြင့် ခြေသလုံးမွှေးတွေ ရှည်လို့ အတိုအပြတ် မဝတ်ရဲတဲ့ မိန်းကလေးတွေ မကြာခဏတွေ့ဖူးတယ်။ အမွှေးသဘောက ချွတ်ဆေးတွေ သုံး၊ အမွှေးရိတ်တာတွေ လုပ်လို့ရပေမယ့် တကယ် ပြန်ပေါက်လာတဲ့အခါ အမွှေးတွေ ကြမ်းတမ်းလာတတ်တာမို့ အများစု မလုပ်ရဲကြဘူး၊ ဒီနည်းကတော့ စိတ်ချရတဲ့အပြင် လွယ်ကူတယ်။ မြန်ဆန်တယ်။ ထိလည်း ထိရောက်တယ်။ အထူးသဖြင့် အမွှေးကြမ်းတွေ ပေါက်မှာစိုးတဲ့ မိန်းကလေးတွေနဲ့ သင့်တော်ကြတယ်။ ဒီနည်းကို ဆံပင်က လွဲရင် ခန္ဓာကိုယ် တခြားနေရာမှာပေါက်တဲ့ အမွှေးအမျှင်တွေအတွက် လုပ်ပေးလို့ ရတယ်။
ဘယ်လိုလုပ်မလဲ
အရမ်း လွယ်ပါတယ်။ မုန့်ဖုတ်ဆော်ဒါ (baking soda) ထမင်းစားဇွန်း(၁)ဇွန်းကို ယူပြီး ရေနွေးပွက်ပွက်ဆူ ၂၀၀ မီလီလီတာ(200ml)ထဲ ထည့်ပြီး သမအောင် မွှေပါ။ ပြီးရင် အဝတ်စ(သို့) ဂွမ်းစတစ်ခု ယူပြီး စိမ်ထားပြီး အအေးခံပါ။ သုံးမိနစ်ခန့် စိမ်ထားပြီးနောက် အဆိုပါ ဂွမ်းစ၊ အဝတ်စနဲ့ အမွှေးအမျှင်ရှိတဲ့ နေရာကို သေချာသုတ်လိမ်းပြီး ဖုံးထားပါ။ ပြီးရင် အဆိုပါ ဂွမ်းစ၊ အဝတ်စပေါ်က တိတ်(သို့) ပတ်တီး တစ်ခုခုနဲ့ နေရာ မရွေ့အောင် ကပ်ပါ ။ ဆေးအာနိသင် မပြယ်စေဖို့ ဖြစ်ပါတယ်။ ညလုံးပေါက် ထားပြီး မနက်အိပ်ရာထမှရေနဲ ့သေချာသန့်စင်ပါ။ သန့်စင်ပြီးတာနဲ့ အမွှေးအမျှင်ရှိတဲ့နေရာကို moisturizer တစ်မျိုးမျိုး ထပ်လိမ်းပါ။ အထက်ပါအတိုင်း တစ်ရက်ခြား တစ်ခါ လုပ်သင့်တယ်။ သုံးကြိမ်လောက်လုပ်ရုံ နဲ့စတင် ထူးခြားတာ မြင်တွေ့နိုင်ပြီး (၂)ပတ်အတွင်းမှာပဲ မလိုအပ်တဲ့အမွှေးတွေ သူ့ဘာသာကျွတ်သွားလိမ့်မယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
ဒေါက်တာ အေးမင်းထူး
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
