ဆယ်နှစ်ခန့် နုပျိုချင်ပါသလား
01-Mar-2017
ဂျပန်လူမျိုးတွေဟာ အသားအရေနဲ့ ပက်သတ်ပြီး အင်မတန် နာမည်ကြီးကြတယ်။ အသက်ကြီးပေမယ့် မပျက်စီးသေးပဲ အများစုဟာ အရွယ်တင်ကြတယ်။ အမှန်တော့ သူတို့မှာ လျို့ဝှက်ချက်တခု ရှိနေလို့ုလည်းဖြစ်ပါတယ်။ အခုပြောမယ့်နည်းက ဂျပန်လူမျိုးတွေရဲ့ အသားအရေလျို့ဝှက်ချက်တွေမှာ ပါတဲ့နည်းတခုဖြစ်ပြီး ဒီနည်းကြောင့် ဂျပန်မလေးတွေဟာ အသက်ကြီးတဲ့ထိ ငယ်ရွယ်နုပျိုနေတာဖြစ်တယ်။
ဒီနည်းက အလွန်လွယ်တယ်။ အရှေ့တိုင်းသားတွေနေ့စဉ် စားသုံးတဲ့ ထမင်းရည်ကို အသုံးပြုတဲ့နည်းဖြစ်တယ်။ ဆန်(၃)ဇွန်းစာကို ယူပြီး ရေအနည်းငယ်ထည့်ကာ ထမင်းစေ့ ပျော့နေသည်ထိ(ဆန်ပြုတ်သဘော) ချက်ပါ။ ပြီးရင် ထမင်းရည်ကို (အရည်ကို စစ်ပြီး) ခွက်တခုနဲ့ သက်သက်ခံထားပါ။ (မသွန်ပါနဲ့)။ရလာတဲ့ထမင်းခပ်ပျော့ပျော့ကို ခွက်တခုထဲထည့်ပြီး ရေအနည်းငယ်ရောထည့်ပြီး သမအောင်မွှေပါ။ပြီးရင် နွားနို့ပူပူ ထမင်းစားဇွန်း တဇွန်းနဲ့ ပျားရည် တဇွန်း ထပ်ရောပြီး အရည်ပျစ်ပျစ်ဖြစ်အောင် လုပ်ပါ။
အဆိုပါအရောကို မျက်နှာပေါ်လိမ်းပြီး နာရီဝက်ထားပါ။ ပြီးရင် မျက်နှာကို စောစောက သိမ်းထားတဲ့ ထမင်းရည်နဲ့ ပြန်သစ်ပါ။ ဒီနေရာမှာ ပြောစရာတခုက တမင်းရည် ကို ရေခဲသေတ္တာထဲမှာ လေးရက်ထိ ထားလို့ရတယ်။ ထမင်းရည်ကို ပုံမှန်အားဖြင့် သဘာဝတိုနာ အနေနဲ့ သုံးလို့ရတယ်။ ရေခဲခွက်ထဲထည့်ပြီး ရေခဲတုံးလေးတွေ လုပ်လို့ရတယ်။ ဒီရေခဲတုံးလေးတွေကို အထင်မသေးနဲ့။ မျက်နှာမှာ စက်ဝိုင်းပုံ လိမ်းပေးရင် အသားအရေကို တင်းရင်းစေတယ်။ အရေးအကြောင်းကင်းစင်စေတယ်။ တပတ်ကို တကြိမ်ပုံမှန်ပြုလုပ်ပေးရုံနဲ့ ငယ်ရွယ်နုပျိူတဲ့ အသားအရေမျိုးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
ဒေါက်တာ အေးမင်းထူး
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
