ပင်လယ်ကမ်းခြေနှင့် အရေပြား
25-Feb-2017
ပင်လယ်ကမ်းခြေနှင့် ပင်လယ်ရေက ခန္ဓာကိုယ်အတွက် ကျန်းမာစေတဲ့ အာနိသင်တွေ ပေးစွမ်းနိုင်သလို အရေပြားလှပမှုအတွက်လည်း ကူညီပေးပါတယ်။ ကမ်းခြေကနေ ပြန်လာတဲ့အခါ အသားတွေ ညိုလာတယ်ဆိုပြီး လူတိုင်းနီးပါးပြော တတ်ကြပါတယ်။ ဒါကြောင့် ကမ်းခြေကို ခရီးထွက်မယ်ဆိုရင်နေရောင်ကာနိုင်စွမ်းမြင့်မားတဲ့ လိုးရှင်းမပါမဖြစ်ဆောင်သွားပြီး ကမ်းခြေကို မဆင်းခင် နာရီဝက်အလိုလောက်ကတည်းက ကြိုတင်လိမ်းထားဖို့ လိုပါတယ်။ ပင်လယ်ရေက အရေပြားပေါ်က ဘက်တီးရီးယားပိုးမွှားတွေကို သေစေပြီး အဆိပ်ကင်းစေတဲ့ အာနိသင်လည်းရှိပါတယ်။
ကြေးချွတ်ပေးခြင်း
သဲတွေက ခြေထောက်၊ လက်နဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပြီး ကြေးချွတ်ပေးပါတယ်။
အဆိပ်ထုတ်ခြင်း
ပင်လယ်ကမ်းခြေမှာ ကျရောက်နေတဲ့နေရောင်ခြည်နွေးနွေးက ချွေးပေါက်တွေကို ဖွင့်ပေးပြီး ပင်လယ်ရေက အဲဒီချွေးပေါက်ထဲက အဆိပ်တွေကိုထုတ်ပေးပါ တယ်။ ချွေးပေါက်ထဲမှာ အောင်းနေတဲ့အဆီတွေ၊ ဆဲလ်သေတွေ၊ အညစ်အကြေးတွေ အားလုံးကင်းစင်သွားလို့ ဝက်ခြံဖြစ်တာကို လျော့ပါးစေပါတယ်။
ပိုးသတ်ပေးခြင်း
အိုင်အိုဒင်းနဲ့ ပင်လယ်ဆားက အရေပြားပေါ်မှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားပိုးနဲ့ မှိုပိုးတွေကို သေစေနိုင်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.283, February 2016, Pg. 119
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
