Print

ပေါင်းစပ်အသားအရေ

  29-Oct-2016
Preview Image

ပေါင်းစပ်အသားအရေမှန်း သိသာစေတဲ့ ဖော်ပြချက်တွေကတော့ သင့်မျက်နှာပြင်ရဲ့

ပါးပြင်နေရာများဟာ ခြောက်သွေ့နေပြီးT-zone နေရာ (နဖူးနှင့်နှာခေါင်း တစ်လျှောက်)

တွေမှာ တော့ အဆီတွေရှိနေပါတယ်။ ဒါဆိုရင်တော့ သင်ဟာ ပေါင်းစပ်အသားအရေ

ပိုင်ရှင်ဖြစ်တာ သေချာပါပြီ။ အသားအရေကို အကောင်းဆုံး ထိန်းသိမ်း နိုင်ဖို့အတွက် ကိုယ့်ရဲ့အသားအရေအမျိုးအစား ကို သိထားဖို့ အရေးကြီးပါတယ်။ အသားအရေ နှင့် အလိုက်ဖက်ဆုံး Skin Care Product တွေ ကို အသုံးပြုသလို အစားအစာနှင့်

လေ့ကျင့်မှုနည်း စနစ်ကလည်း ကောင်းမွန်တဲ့အသားအရေ ထိန်းသိမ်းမှုဖြစ်

တယ်ဆိုတာကို သင် သတိပြုရပါမယ်။ ဒါကြောင့် အသားအရေတစ်မျိုးချင်းစီ အလိုက် ထိန်းသိမ်းဂရုစိုက်မှုနဲ့ အသုံးပြုရမယ့်Skin Care ပစ္စည်းများအကြောင်းကို

ဖော်ပြပေးလိုက်ပါ တယ်။

 

ပေါင်းစပ်အသားအရေအတွက် ထိန်းသိမ်းစောင့် ရှောက်မှု

--------------------------------------------------------------

 

ပေါင်းစပ်အသားအရေပိုင်ရှင်များအတွက် မျက်နှာသန့်စင်ဆေးကို ရွေးချယ်တဲ့

အခါမှာ နူးညံ့ တဲ့ သန့်စင်ဆေးကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ သတိပြုရမှာတစ်ခုက

ဆေးဝါး ကုသမှုဆိုင်ရာ ပစ္စည်းများပါဝင်တဲ့ သန့်စင်ဆေးမျိုးကိုတော့ ရွေးချယ်အသုံး

မပြုရဘူးဆိုတာပါပဲ။ ပေါင်းစပ် အသားအရေပိုင်ရှင်များဟာ မိမိမျက်နှာပြင်ရဲ့ ဘယ်အစိတ် အပိုင်းက အဆီပြန်နေတတ်လဲဆိုတာ ကို အနည်းဆုံးတစ်နေ့တစ်ကြိမ်တော့

ရှာဖွေ လေ့လာကြည့်ပါလို့ အကြံပြုပါရစေ။ သင့်မျက်နှာပြင်ရဲ့ အဆီပြန်တဲ့နေရာ တစ်ဝိုက်အတွက်ကိုတော့Salicylic Aicd ပါဝင် တဲ့ Product ကို အသုံးပြုပေးလို့ ရပါတယ်။ အစိုဓာတ်ထိန်းခရင်မ်ကို ရွေးချယ်ရာမှာ တော့ အဆီပြန်တဲ့နေရာအတွက်SPF 30 ပါဝင် တဲ့ Oil Free အမျိုးအစားကို သုံးသင့်ပြီး ခြောက် သွေ့တဲ့ ဧရိယာတစ်ဝိုက် အတွက်တော့ အာဟာရ ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ အစိုဓာတ်ထိန်းခရင်မ် မျိုးကို

ရွေးချယ်ရမှာ ဖြစ်ပါတယ်။သင့်အသားအရေကရော ဘယ်လိုအမျိုးအစားထဲမှာ ပါဝင်နေပါသလဲ။

 

Ref:

အေမီချို

ရတီကျန်းမာရေး

December 16th, 2014

 



Related Articles


Advertisment 18