Print

ဆံသားကျန်းမာရေး ဗီတာမင်နဲ့ အာဟာရဓာတ်များ ဖြည့်စွက်ပေး

  11-Nov-2020
Preview Image

ဆံသားကျန်းမာရေး ဗီတာမင်နဲ့ အာဟာရဓာတ်များ ဖြည့်စွက်ပေး

ပြည့်စုံတဲ့ အလှပိုင်ရှင်ဖြစ်ဖို့အတွက် ကျန်းမာတဲ့ ဆံသားတွေရှိဖို့ လိုအပ်ပါတယ်။ သင်ဟာပျက်စီးနေတဲ့ ဆံသားတွေပိုင်ဆိုင်ထားမယ်ဆိုရင် ဆံသားကျန်းမာရေးအတွက် ဂရုတစိုက် ပြန်လည်ပြုပြင်ဖို့ လိုအပ်ပါတယ်။ ဆံသားတွေ ကျန်းမာစေဖို့အတွက် ဗီတာမင်နဲ့ အာဟာရဓာတ်များရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ဗီတာမင်တွေ၊ အာဟာရဓာတ်တွေဟာ သင့်ရဲ့ဆံသားတွေ ကျန်းမာစေဖို့ အထောက်အကူအများကြီး ပေးနိုင်ပါတယ်။

ဗီတာမင်ဘီ Complex

          ဗီတာမင်ဘီ အုပ်စုဝင်တွေဟာ ဆံသားကျန်းမာဖို့နဲ့ ကြီးထွားရှင်သန်ဖို့ စွမ်းအားပြည့် ကူညီပေးနိုင်ပါတယ်။ ဗီတာမင်ဘီ အုပ်စုဝင်တွေဟာ Antioxidant အစွမ်းသတ္တိတွေ ရှိတဲ့အတွက်ကြောင့် Free Radicals တွေကြောင့် ဆံသားတွေ ပျက်စီးဆုံးရှုံးခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်ဘီအုပ်စုဝင်တွေပါဝင်တဲ့ အစားအစာတွေကတော့ ပဲအမျိုးမျိုး၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ဥအမျိုးမျိုး၊ ဘယ်ရီသီးအနွယ်ဝင်များ၊ အသီးအနှံဟင်းသီးဟင်းရွက်များ စသည်တို့ဖြစ်ပါသည်။

ဗီတာမင်အီး

          ဗီတာမင်အီးဟာ စွမ်းအားပြည့် Antioxidants တစ်မျိုးဖြစ်တယ်ဆိုတာ သိထားပြီးဖြစ်ပါလိမ့်မယ်။ အလှအပအတွက် ဗီတာမင်အီးဟာ အသုံးဝင်တဲ့ ဗီတာမင်တစ်မျိုးဖြစ်ကြောင်းကိုလည်း သင်သိထားပါလိမ့်မယ်။ ဗီတာမင်အီးဟာ ဆံသားတွေအတွက် မလိုလားအပ်တဲ့ Free Radicals တွေကို တိုက်ခိုက်ပေးနိုင်စွမ်းရှိပြီး ဦးရေပြားအတွင်း သွေးလည်ပတ်မှုအားကို တိုးပွားစေတယ်။ ဆံသားကျန်းမာရေးအတွက်တော့ ဗီတာမင်အီးဟာ မရှိမဖြစ် လိုအပ်ပါတယ်။ အစေ့အနှံများ အခွံမာသီးများ စသည်တို့မှာ ဗီတာမင်အီး အများအပြား ပါဝင်နေပါတယ်။

ဗီတာမင် စီ

          ဗီတာမင်စီကလည်း ဆံသားတွေအတွက် အကျိုးပြုနိုင်တဲ့ Antioxidant တစ်မျိုးပါပဲ။ ဦးရေပြားနဲ့ ဆံပင်ရဲ့အမြစ်ပါရှိတဲ့ ဆံပင်အိတ်တွေအတွင်း သွေးလည်ပတ်မှုအားကို ဗီတာမင်စီဟာ ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ နောက်ပြီး ဆံသားတွေ ကြီးထွားရှင်သန်ဖို့ကူညီပေးနိုင်ပါတယ်။ ဗီတာမင်စီဟာ အရည်ရွှမ်းတဲ့ အသီးအနှံများ (ဥပမာ - လိမ္မော်သီး၊ ဘယ်ရီသီးအနွယ်ဝင်များ၊ စပျစ်သီး) မှာ အများအပြားပါဝင်နေပါတယ်။

Biotin

          ဆံသားတွေ ကောင်းမွန်စွာ ရှင်သန်ဖို့အတွက် Biotin ဟာအကူအညီ ပေးနိုင်ပါတယ်။ အုတ်စပါး၊ ဆန်လုံးညို၊ နေကြာစေ့ စသည်တို့မှာ Biotin ပါဝင်ပါတယ်။

ဗီတာမင် အေ

          ဦးရေပြား ကျန်းမာရေးအတွက် ဗီတာမင် အေ က ကူညီပေးနိုင်တဲ့အပြင် ဆံသားတွေ ခြောက်သွေ့ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ မုန်လာဥနီ၊ ရွက်လိပ်ဂေါ်ဖီထုပ်၊ ကန်စွန်းဥ၊ သခွားသီးမွှေး၊ ဟင်းနုနယ် စတာတွေမှာ ဗီတာမင် အေ ပါဝင်ပါတယ်။


Credit : နီနီနော်

 

 



Related Articles


Advertisment 18