အရေးအကြောင်းတွေကို နောက်ပြန်ဆွဲဖို့
22-Apr-2019
အရေးအကြောင်းတွေဆိုတာ
ယေဘုယျအားဖြင့် အသက်အရွယ်ကြီးရင့်ခြင်းနဲ့ ရှေ့ပြေးလက္ခဏာတွေပါပဲ။ ပျိုမေတို့အတွက်တော့
ဒီကိစ္စဟာ စိတ်ရှုပ်ထွေးစရာ အခြေအနေပါပဲ။
နောက်ထပ် အကြောင်းအရာတစ်ခုကတော့ နေရောင်ခြည်ဒဏ်တွေ၊ အဆိပ်အတောက်တွေနဲ့ Free Radicals တွေကြောင့်လည်း အရေးအကြောင်းတွေကို ဖြစ်ပေါ်စေပါတယ်။ အရင်ဆုံးအရေးအကြောင်းတွေ စတင်ဖြစ်ပေါ်ဖို့ ရှေ့ပြေးလက္ခဏာကတော့ မျက်လုံးအနီးတစ်ဝိုက်မှာ ကျီးခြေရာဆိုတဲ့ အရေးအကြောင်းလက္ခဏာတွေ ပေါ်လာပါတယ်။ ဒါဆိုရင် ပျိုမေတို့အနေနဲ့ အရေးအကြောင်းတွေကင်းစေဖို့ အရေးအကြောင်းမရှိတဲ့ ကာလတွေဆီသို့ နောက်ပြန်ဆွဲဖို့အတွက် ဘာတွေ လုပ်သင့်ပါသလဲ. . .
Free
Radicals
Free Radical တွေဟာ သင့်ရဲ့ အလှအပကို အများကြီး အနှောင့်အယှက်ပေးနိုင်ပါတယ်။ အိုမင်းစေတဲ့ ရုပ်သွင်၊ အရေးအကြောင်းတွေ ဖြစ်ပေါ်စေတဲ့ ရုပ်သွင်ကို ဖော်ဆောင်တဲ့နေရာမှာ အဓိက စွမ်းဆောင်နိုင်ပါတယ်။ အစားအသောက် (ဥပမာ - အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း) အနေအထိုင် (ဥပမာ - နေရောင်ခြည်ဒဏ်ခံရခြင်း) စသည်တို့ကြောင့်လည်း Free Radicals တွေ ထွက်လာနိုင်ပါတယ်။ Antioxidants ပါဝင်တဲ့ နေရောင်ခြည်ဒဏ်ခံ Lotion ၊ ခရင်မ်တစ်မျိုးမျိုးကို အသုံးပြုပြီး လိမ်းခြယ်နိုင်ပါတယ်။ ဗီတာမင်အီးနဲ့ ဗီတာမင်စီဟာ Free Radicals တွေကို တိုက်ထုတ်ဖို့ အကောင်းဆုံး အဖော်မွန်ပါပဲ။ ဗီတာမင်စီဟာ UVA ရောင်ခြည်ကို ကာကွယ်ဖို့ အကောင်းဆုံးဖြစ်ပါတယ်။ အဲဒီ နှစ်မျိုးပေါင်းပြီး ပါဝင်တဲ့ နေရောင်ခြည်ဒဏ်ခံ Lotion တွေ ၊ ခရင်မ်တွေဆိုရင် ပိုမိုကောင်းမွန်စေပါတယ်။ အစားအစာအနေနဲ့လည်း ဗီတာမင်အီးပါဝင်တဲ့ အစားအစာများ (ဥပမာ - အရည်ရွှမ်းတဲ့ အသီးများ) တို့ကို အစားသုံးမယ်ဆိုရင် အရေးအကြောင်းဖြစ်ခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကို စားသုံးမယ်ဆိုရင်လည်း ကျက်အောင်ချက်ပြုတ်မစားဘဲ မကျက်တကျက်လေး ချက်ပြုတ်စားသင့်ပါတယ်။ ဒါမှသာ အရေပြားကာကွယ်ဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ရရှိမှာ ဖြစ်ပါတယ်။
Moisturizers
အရေးအကြောင်းတွေအတွက် နောက်ထပ် သင့်တော်တာ တစ်ခုကတော့ Moisturizer ပါဝင်တဲ့ Lotion ၊ ခရင်မ်တွေ အသုံးပြုပြီး ကာကွယ်ဖို့ပါပဲ။ Moisturizer ကို နေရောင်ခြည်တိုက်ရိုက်ထိခိုက်နိုင်တဲ့ နေရာတွေရော နေရောင်ခြည်အလွယ်တကူ မထိတွေ့နိုင်တဲ့ အဝတ်အစားအောက်တွေပါ လိမ်းသင့်ပါတယ်။
အနားယူခြင်းနှင့်
အရေပြား
သင့်ရဲ့ ကောင်းမွန်စွာ
အနားယူမှုဟာ သင့်ရဲ့အရေပြားအတွက် အကျိုးရှိစေပါတယ်။ ရေများများသောက်ပါ။ အနားယူပါ။ ပြုံးပါ။
စိတ်ညစ်စရာတွေကို မောင်းထုတ်ပစ်ပါ။ ညဘက်မှာ ကောင်းကောင်းအိပ်စက်အနားယူပါ။ သင့်အနေနဲ့
အရေပြားပေါ်မှာ အရေးအကြောင်းတွေကို မလိုချင်ဘူးဆိုရင် သင့်ရဲ့စိတ်ကို ကောင်းကောင်းအနားယူဖို့ကလည်း
အရမ်းအရေးကြီးပါတယ်။ ပြင်ပ အရေပြားကောင်းမွန်ဖို့ဆိုတာ အတွင်းစိတ်ကလည်း ကောင်းမွန်စွာ
အနားယူဖို့ လိုအပ်ပါတယ်။
Credit : မေယွန်း
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
