ဆံပင်ရှည်ထားသူများတာသိနိုင်သော ဒုက္ခများ
11-Jan-2019
ဆံပင် ရှည်ရှည်နဲ့ ကောင်မလေးတွေကိုမြင်တိုင်း မျက်စိထဲ အေးသွားတာပဲ။ ယဉ်ယဉ်လေးနဲ့ လှနေတာမဟုတ်လား။ ဒီလိုဆံပင်ရှည်ထားနိုင်ဖို့ကလည်း မလွယ်ပါဘူး။ အချိန်ကုန်တယ်၊ အလုပ်များတယ်၊ စိတ်ရှည်ရတယ်။ ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာ လှတယ်လို့ ခံစားနေရရင်တော့ ဒါတွေက ပြဿနာမဟုတ်တော့ဘူးလေ။ ဆံပင်ရှည်လေးကလည်း အေးချမ်းတဲ့ဆွဲဆောင်မှုကို ဖြစ်ပေါ်လာစေတယ်။ ဒါပေမဲ့ ဒုက္ခတော့များမယ်။
၁။ နေရာတိုင်းမှာ ဆံပင်တွေ
ဆပ်ပြာခဲမှာ၊ ဘီးမှာ၊ ထမင်းစားပွဲက ဟင်းခွက်မှာ၊ ကြမ်းပြင်မှာ….. နေရာတိုင်းမှာ ကိုယ့်ဆံပင်တွေချည်းပဲ။ တံမြက်စည်းလှည်းရင် ဆံပင်ကျွတ်တွေဆိုတာ မနည်းဘူး။
၂။ ရေဆင်းပေါက်ပိတ်တယ်
ရေချိုးခန်းထဲက ရေဆင်းပေါက်မှာ ဆံပင်တွေနဲ့ပိတ်နေတာမျိုးလည်း ခဏခဏ ကြုံရတယ်။ အထဲမှာ ဆံပင်တွေက လုံးထွေးပြီး ပိတ်နေတော့ ရေက မဆင်းတော့ဘူးလေ။
၃။ မစည်းချင်ဘဲစည်းရတယ်
ရာသီဥတုက အရမ်းပူလာပြီဆို ဆံပင်ကို စည်းရ၊ ထုံးရပြန်တယ်။ ကိုယ့်ဆံပင်လေး ဖြောင့်ထားလို့ ပုံမပျက်ချင်ပေမဲ့လည်း ပူတဲ့ဒဏ်မခံနိုင်တော့ စည်းလိုက်ရပြန်ရော။ ရှိုးပဲ့တာပေါ့နော်။
၄။ ဆံပင်ထူတဲ့ပါးတဲ့ပြဿနာ
ဆံပင်ထူလွန်းတော့လည်း ဖြီးသင်ရခက်၊ လျှော်ရင်ကြာ၊ ခေါင်းခြောက်ဖို့အချိန်ကြာတယ်။ ဆံပင်ပါးလွန်းပြန်တော့လည်း စိတ်ကျေနပ်စရာမကောင်း …။ ဆံပင်သာရှည်တယ် ၊ ပါးပြီး အဖျားရှုးတော့ ဘယ်လိုလုပ်လှပါ့မတုန်း။
၅။ Lip Gloss ဆိုးလို့မရ
နှုတ်ခမ်းနီဆိုးရင် Lip gloss နဲ့ လုံးဝ အဆင်မပြေဘူး။ ဆံပင်တွေ နှုတ်ခမ်းမှာ ကပ်ကုန်တာလေ။ ပြီးတော့ ပါးပေါ်ကို ဆံပင်တွေပြန်ကပ်တော့ နှုတ်ခမ်းနီတွေက ပါးမှာ၊ မျက်နှာမှာ အကုန်စွန်းကုန်ရော။
၆။ အချိန်ပေးရတယ်
အဆိုးဆုံးကတော့ အချိန်ကုန်တာပါပဲ။ ဂရုတစိုက် ဖြီးသင်ရတယ်၊ ထိန်းသိမ်းရတယ်လေ။
Credit : Original Writer
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
