မျက်ကွင်းကလေး ညိုတိုတို
03-Jan-2019
မျက်ကွင်းညို၍ စိတ်ညစ်နေသူများအတွက် အိမ်တွင်းကု အလွယ်ကူဆုံး သဘာဝနည်းလေးများကို မျှဝေပေးလိုက်ပါရစေနော်။
နည်းလမ်း(၁)
သခွါးသီးကို အကွင်းလိုက်လှီး၍ ရေခဲသေတ္တာထဲ ၁၀ မိနစ်ခန့် အေးအောင် ထည့်ထားပါ။ (ရေခဲသေတ္တာမရှိလျှင်လည်း သခွါးသီးဟာ သဘာဝအတိုင်း အေးပြီးသားမို့ ဒီအတိုင်း သုံးနိုင်ပါတယ်) အေးသွားတဲ့ သခွါးသီးကွင်းကို မျက်လုံးပေါ်ကို ၁၅ မိနစ်ခန့် ကပ်ပေးပါ။ တစ်နေ့ကို ၂ ကြိမ်နဲ့ တစ်ပတ်ကို ၄ ရက်လောက် လုပ်ပေးနိုင်ပါတယ်။
နည်းလမ်း(၂)
ရေခဲတုံးလေးများဖြင့် မျက်ခွံများပေါ်တွင် ခံနိုင်သလောက် ကပ်ခွါကပ်ခွါ လုပ်ပေးပါ။ နေ့စဉ် လုပ်ပေးနိုင်ပါတယ်။
နည်းလမ်း(၃)
စတီးဇွန်းကို ရေခဲသေတ္တာထဲ အေးအောင် ထည့်ထားပြီးလျှင် မျက်လုံး၏အောက်နားကို ၁၀ မိနစ်ခန့် ကပ်ပေးပါ။ ဒီနည်းကိုလည်း နေ့စဉ် လုပ်ပေးနိုင်ပါတယ်။
နည်းလမ်း(၄)
အလှကုန်ဆိုင်တွေမှာရောင်းတဲ့ အကောင်းစားတံဆိပ် Eye Roll တစ်ခုခုကို ဝယ်ပြီး မကြာခဏ လိမ်းခြယ်ပေးပါ။
အထက်ပါ နည်းလမ်း(၄)မျိုးထဲမှ မိမိနှင့်အဆင်ပြေမည့် နည်းလမ်းကို ရွေးချယ်ပြုလုပ်ပေးနိုင်ကြပါတယ်။ မျက်ကွင်းညိုခြင်း ကင်းဝေးနိုင်ကြပါစေနော်။
Credit : လှပခြင်းအတွက် နည်းပညာများ
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

