အလှပြင်တယ်ဆိုတာဒီလို
09-Jun-2017
အဆင့်(၁)
ပထမဦးအနေနဲ့ မျက်နှာပြင်နဲ့ လက်ဖက်တဲ့ မျက်ခုံးမွှေးပုံစံကို ဖော်ယူရပါမယ်။ ပြီးရင် အောက်ခံမိတ်ကပ်ကိုပါ တစ်ဆက်တည်း လိမ်းပေးရပါတယ်။ အဲဒီနောက် မျက်နှာလိမ်းပေါင်ဒါ ပါးပါးဖို့ပေးရပါမယ်။
အဆင့် (၂)
နောက်တစ်ဆင့် အနေနဲ့ကတော့ Eye Shadow အိုင်းရှဲဒိုးကို အသုံးပြရမှာပါ။ ၎င်းကို မျက်ခုံးရိုးအောက်ဘက်မှာရှိတဲ့ မျက်ခုံးရဲ့ အထက်နားနေရာကို လိမ်းပေးပါ။ ပြီးတဲ့အခါ ဝတ်မယ့်အဝတ်အစားနဲ့ လိုက်ဖက်မယ့် Eye Shadow အရောင်ကို မျက်ဝန်းအိမ်မှာ လိမ်းပေးရပါမယ်။ အဲဒီနောက် နှာခေါင်းအလှပေါ်လွင်စေဖို့အတွက် အညိုနုရောင်ပေါင်ဒါကို နှာခေါင်းဘေးတစ်လျှောက် တစ်ဖက်စီမှာ လိမ်းပေးပါ။
အဆင့် (၃)
ဒီအဆင့်မှာတော့ Eyeliner အိုင်းလိုင်နာကို အသုံးပြုရပါမယ်။ အပေါ်ဘက်မျက်တောင်မွေးပေါက်ရာ လမ်းကြောင်းတစ်လျှောက် အနက်ရောင် Eye Liner ခပ်ပါးပါးဆွဲပေးဖို့ပါပဲ။ မျက်ဝန်းအောက်ဘက် မျက်တောင်မွှေးပေါက်ရာ နေရာတစ်လျှောက်ကိုတော့ အပြာရောင် Eyeliner ကို ဆွဲပေးပါ။ ပြီးတဲ့အခါ မျက်တောင်ကော့သည့် ကိရိယာဖြင့် မျက်တောင်မွေးများကို ကော့ပေးပြီး Mascara အနက်ရောင်ကို အပေါ်နှင့်အောက် နှစ်ခုစလုံးရှိ မျက်တောင်မွှေးများတွင် အသုံးပြုပေးပါ။
အဆင့် (၄)
အဲဒီနောက် နှုတ်ခမ်းအလှ ပြင်ရမှာပါ။ Lip Liner နဲ့ နှုတ်ခမ်းမဆိုးမီ အရင်ပုံဖော်ရပါမယ်။ ပြီးတော့မှ အတွင်းနှုတ်ခမ်းသားတွေကို ပုလဲပါတဲ့ နှင်းဆီပန်းရောင် နှုတ်ခမ်းဆိုးဆေးဖြင့် ဖြည့်ဆိုးပေးပါ။
အဆင့် (၅)
အဆင့် ၅ မှာတော့ ရယ်လိုက်တဲ့အခါ မျက်နှာပြင်မှာ ပေါ်လာတဲ့ ပါးမို့မို့နေရာနှစ်ဖက်ကို သဘာဝပန်းရောင်ပါးနီကို လိမ်းပေးရမှာပဲ ဖြစ်ပါတယ်။ ပြီးတဲ့အခါမှာတော့ မျက်နှာပြင်အလှ ပြင်ဆင်မှုကို အဆုံးသတ်လို့ရပါပြီး။
အဆင့် (၆)
ဆံကေသာပြင်ဆင်ရာမှာတော့ ဆံပင်သားတွေကို ဘီးဖြင့် သေချာရှင်းပြီး Hair Spray ကို ဆံပင်အဖြောင့်အတိုင်း နှစ်သက်သူများအတွက်တော့ အလယ်ခွဲ (သို့) ဘေးခွဲပုံစံဖြင့် ဆံပင်ကို သပ်ရပ်အောင် ပြုပြင်ရပါမယ်။ ပြီးရင်တော့ အပြင်သွားဖို့ အဝတ်အစားလဲလိုက်ရုံပါပဲ။
Credit:
ဧကရီ
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
