Print

ခြောက်သွေ့သော ဆံသားအတွက် ဂရုစိုက်သင့်သော နည်းလမ်း (၁၀) မျိုး

  01-Mar-2017
Preview Image

 

၁။ အနံ့ပြင်းပြီး ဓာတုပစ္စည်းတွေနဲ့ ပြု ပြင်ကာ ထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်မျိုးကို ရှောင်ပါ။

 

၂။ ခေါင်းမကြာခဏလျှော်တာကို ရှောင်ပါ။ တစ်ပတ်နှစ်ကြိမ်ထက် မပိုပါနဲ့။

 

၃။ ခေါင်းလျှော်ချိန်တိုင်း လက်ချောင်းထိပ်လေးတွေနဲ့ ဦးရေပြားကို နှိပ်နယ်ပြီးလျှော်ပါ။ လက်သည်းနဲ့ မကုတ်ပါနဲ့။ လက်သည်းနဲ့ ကုတ်တာက ဦးရေပြားနဲ့ ဆံသားကို ပျက်စီးစေပါတယ်။

 

၄။ ရေဓါတ်ပါဝင်တဲ့ ဆံပင်ပျော့ဆေးကို ခေါင်းလျှော်တိုင်း ပုံမှန်အသုံးပြုပါ။

 

၅။ ဆံပင်အဖျားက နှစ်ခွဖြစ်ပြီး ပျက်စီးနေတဲ့ ဆံပင်အဖျားတွေကို ညှပ်ထုတ်ပစ်ပါ။

 

၆။ ဆံသားခြောက်သွေ့နေချိန်မှာ ဆံပင်အရောင်ဆိုးတာ၊ အပူသုံးပြီးကောက်တာ၊ ဖြောင့်တာ၊လေပူမှုတ်တာမျိုးတွေ ရှောင်ပါ။ သဘာဝနည်းလမ်းဖြင့်သာ ဆံပင်အခြောက်ခံပါ။

 

၇။ ကလိုရင်းများတဲ့ ရေကြောင့် ဆံသားကို ပိုမိုပျက်စီးစေတဲ့အတွက် ရေကူးကန်မှာ ရေကူးလျှင် ဦးထုပ်မပါဘဲ ဘယ်တော့မှ မကူးပါနဲ့။

 

၈။ ခေါင်းဖြီးချိန်မှာ ဆံသားတွေကို အတင်းခုတ်ဖြီးတာမျိုး ရှောင်ပါ။ ဘီးကျဲကျဲနဲ့ စိတ်ရှည်စွာ ဖြီးပါ။ ပလတ်စတစ်ဘီးမသုံးဘဲ ၀ါးတီး၊ ဖိုင်ဘာဘီးအမျိုးအစားကို သုံးပါ။

 

၉။ နေရောင်ထဲထွက်ချိန်မှာ ထီး၊ ဦးထုပ်အမြဲဆောင်သွားပါ။ ခေါင်းလိမ်းဆီထဲမှာ နေရောင်ကာအမျိုးအစား ရွေးသုံးပါ။

 

၁၀။ ဆံပင်အတွက် အသုံးပြုတဲ့ပစ္စည်းတွေကို ရေဓါတ်ပါဝင်တာ၊ သဘာဝ အဆီပါဝင်တာ၊ သဘာဝအသီးအနှံပါဝင်တာမျိုးတွေ ရွေးသုံးပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
သဲသဲဦး
Arogyam magazine, August 2014, Pg.122

 



Related Articles


Advertisment 18