မျက်နှာပြင် သန့်စင်ပေးခြင်း
01-Mar-2017
မျက်နှာပြင်အရေပြားကို သန့်စင်ပေးတာဟာအရေပြားထိန်းသိမ်းမှု အပိုင်းမှာ အခြေခံအကျဆုံးသော အချက်တစ်ချက်ပါ။ သာမန်အကျဆုံးသော အချက်တစ်ချက်ပါ။ သာမန်အရေပြားဟာဆိုရင် တစ်နေ့ကို နှစ်ကြိမ် (သို့) သုံးကြိမ်လောက် သန့်စင်ပေးဖို့ လိုအပ်ပါတယ်။ အဆီပြန်တဲ့ အရေပြားကိုဆိုရင်တော့ တစ်နေ့ကို လေးကြိမ် (သို့) ငါးကြိမ် သန့်ရှင်းရေး ပြုလုပ်ပေးရမှာပါ။ အဲဒီလိုမှ မဟုတ်ဘဲ ခြောက်သွေ့တဲ့ အရေပြားကို ဆိုရင်တော့ ဆပ်ပြာကြမ်းတွေ အစား moisturizer ပါဝင်တဲ့ cleanser နဲ့တစ်နေ့နှစ်ကြိမ် သန့်စင်မှုပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ယနေ့ အလှကုန်ပစ္စည်းတွေထဲမှာ cleanser ဆိုရင်လည်း ခရင်(မ်) အသွင်၊ နို့ရည်အသွင်၊ Lotion အသွင်၊ gel အသွင်နဲ့ အရည်အသွင်ဆိုပြီး ရှိလို့နေပါတယ်။
ဒါ့အပြင် ပါဝင်တဲ့ အရာတွေဟာလည်း အရေပြားအမျိုးအစားတွေ ပေါ်မူတည်ပြီး ကွဲပြားမှုရှိပါတယ်။ အိမ်မှာရှိပြီး သန့်ရှင်း၍ သဘာဝအတိုင်း လတ်ဆတ်သော နို့ရည်ထဲကို ဝါဂွမ်းနဲ့ နှစ်ယူပြီး မျက်နှာပြင်ပေါ် ပွတ်တိုက်ပေးတာကလည်း ထုတ်လုပ်ထားတဲ့ cleanser လိုပဲ အာနိသင် ရရှိစေပါလိမ့်မယ်။ ဒီလိုမျိုးမျက်နှာပြင်ကို သန့်စင်ပေးတော့မယ်ဆိုရင် မျက်နှာပြင်ကိုအပေါ်သို့ ပင့်တင်ပြီး ခပ်ဖြည်းဖြည်း ပွတ်တိုက်ပေးရမှာပါ။အပေါ်ဆိုတာလည်းအပေါ်ဘက်သို့တည့်တည့်ကိုမဟုုတ်ဘဲ ဘေးဘက်သို့ဆွဲပြီး ပွတ်ပေးရပါလိမ့်မယ်။ ဒါပေမယ့် အားနဲ့တအားဖိပြီး ပွတ်တာမျိုးတော့ မပြုလုပ်ရပါဘူး။ ဒီလိုလိမ်းပြီးရင်မျက်နှာပေါ်မှာရှိတဲ့ အညစ်အကြေးတွေ စုပ်ယူသွားလို့ရအောင် တစ်မိနစ် (သို့) နှစ်မိနစ်လောက်ကြာရင် တစ်ဖန် ဝါဂွမ်းစ (သို့) တစ်သျှူးစနဲ့ ပွတ်ပေးရပါဦးမယ်။ ဒီလိုနေရာမှာလည်းအပေါ်နဲ့ဘေးဘက်ကိုပဲ ပင့်တင်ပြီး ပွတ်ပေးရမှာပါ။ အဲဒါတွေ ပြီးတဲ့အခါမှာတော့ ရေနဲ့သန့်စင်ပေးလိုက်ရင် သန့်စင်မှုတွေပြီးဆုံးသွားပါပြီ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit: ဦးခိုင်
Health for all magazine, August 2015, Pg.35
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
