ဆယ်လ်ဖီ ရိုက်လွန်းလျှင် မျက်နှာတွင် အရေးအကြောင်း ပိုဖြစ်နိုင်
01-Mar-2017
ဆယ်လ်ဖီ ရိုက်လွန်းလျှင် မျက်နှာတွင် အရေးအကြောင်း ပိုပေါ်လာနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားလိုက်သည်။ စမတ်ဖုန်းမှ ထွက်သည့် အလင်းရောင်၊ အပူနှင့်ရောင်ခြည်တို့က အသားအရေကို ပျက်စီးစေနိုင်ကာ လူကိုမြန်မြန် အိုမင်းရင့်ရော်စေနိုင်သည်။မျက်နှာ၏ မည်သည့်ဘက်ခြမ်းက ပို၍ပျက်စီးနေသည်ဆိုတာကို ကြည့်ခြင်းအားဖြင့် လူနာသည် ဖုန်းကို မည်သည့်လက်ဖြင့် ကိုင်ကြောင်း အတိအကျပြောပြနိုင်သည်ဟု ဆရာဝန်တချို့ကဆိုသည်။ လက်ကိုင်ဖုန်းများက ထုတ်လွှတ်သည့် အပြာရောင် အလင်းပင်လျှင် အရေးအကြောင်းဖြစ်ပေါ်စေရန် လှုံ့ဆော်အားပေးသည်ဟု လန်ဒန်တွင် ပြုလုပ်သွားသည့် မျက်နှာအလှအပဆိုင်ရာ ဆွေးနွေးပွဲတွင် ကျွမ်းကျင်သူများက ပြောကြားသွားခဲ့ခြင်းဖြစ်သည်။
ထိုသို့သော ကိစ္စရပ်တွေကို မှတ်တမ်းပြုစုထားခြင်းမျိုး မရှိသော်လည်း ခေတ်ပေါ်လျှပ်စစ်ပစ္စည်းများသည် နေကဲ့သို့ပင် အရေးအကြောင်းကို ဖြစ်စေသည်ဟု ဆရာဝန်များက ဆက်လက်ပြောကြားသွားခဲ့သည်။ ဆဲလ်ဖီ အရမ်းရိုက်တဲ့လူတွေနဲ့ ဘလော့ဂါတွေ သတိထားသင့်တယ်ဟုအရေပြားအလှအပဆေးခန်း ဖွင့်လှစ်ထားသူ ဒေါက်တာဆိုင်မွန်ဇိုကီယီကဆိုသည်။ သို့သော် ထိုအဖြစ်မှ သက်သာစေရန် Sunscreen (နေပူခံလိမ်းဆေး) လိမ်း၍ မရဟု ၎င်းက ဆက်လက်ပြောကြားသည်။ ၎င်းဆေးခန်းတွင် လာပြသည့် လူနာ၏မျက်နှာကို ကြည့်လိုက်ရုံမျှဖြင့် ထိုလူနာသည် ဖုန်းကို မည်သည့်လက်ဖြင့် ကိုင်သည်ဆိုတာကို မိမိပြောနိုင်ကြောင်း ၎င်းကဆိုသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ချယ်ရီ
Arogyam magazine, August 2016, Pg. 122
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
