မျက်နှာပေါင်းတင်ခြင်း
01-Mar-2017
မျက်နှာပေါင်းတင်ခြင်းထက် ကောင်းမွန်သော အသားအရေ ထိန်းသိမ်းနည်းမျိုး မရှိပေ။ သန့်ရှင်းကျန်းမာသော မျက်နှာပြင်တစ်ခုရရှိရန် မိမိအိမ်တွင်ပင် တစ်ပတ်လျှင်တစ်ကြိမ် ငွေကုန်ကြေးကျ သက်သာစွာဖြင့် ကိုယ်တိုင်ပေါင်းတင်နည်း ပြုလုပ်ပေးရန် အနည်းငယ်ဖော်ပြပေးသွားမည်ဖြစ်သည်။ ယခုဖော်ပြပေးမည့် နည်းလမ်းများသည် အသားအရေအမျိုးအစား အားလုံးအတွက် သင့်လျော်သည့်အတွက် မည်သူမဆို လိုက်နာပြု
လုပ်နိုင်ကြောင်း ရှေးဦးစွာ အသိပေးလိုပါသည်။
ကြာမြင့်ချိန် ၂၅-၃၀ မိနစ်
၁။ အရေပြားသန့်စင်ခြင်း
မျက်နှာပြင်ရှိ အညစ်အကြေးများကို ပထမဦးစွာ သန့်ရှင်းပေးရန် လိုအပ်ပါသည်။ အကယ်၍ အဆီပြန် (သို့) ပေါင်းစပ်အရေပြားပိုင်ရှင် ဖြစ်ပါက Gel အမျိုးအစား Facial Cleanser ကို အသုံးပြုပါ။ ခြောက်သွေ့သော အသားအရေအတွက်မူ Cream အမျိုးအစား cleanser က ပိုမိုသင့်လျော်ပါသည်။
၂။ အရေပြားအသစ် ဖြစ်စေခြင်း
လက်ချောင်းများဖြင့် scrub များကို မျက်နှာပြင်ပေါ်သို့ လိမ်းပေးပြီး စက်ဝိုင်းပုံစံ ရွေးလျား၍ နှိပ်နယ်ပေးပါ။ အကယ်၍ သင်သည်။ ပေါင်းစပ်အသားအရေမျိုး ဖြစ်ပါက နှာခေါင်းနှင့် နဖူးနေရာများကိုသို့ ခပ်ကြာကြာ နှိပ်နယ်ပါ။ ထို့နောက် ရေဖြင့် ဆေးကြောပစ်ပါ။
၃။ အပူငွေ့ပေးခြင်း
ဇလုံတစ်ခုထဲသို့ ရေနွေးလောင်းထည့်ပြီး အဝတ်စတစ်ခုကို ထိုရေထဲသို့ နှစ်စိမ်ပြီး ၎င်းအဝတ်ဖြင့် မျက်နှာပြင်ပေါ် ကပ်ပေးပါ။ ထိုကဲ့သို့ နှစ်ကြို၊ သုံးကြိမ်ပြုလုပ်ပေးပါ။
၄။ မျက်နှာဖုံးစွပ်ဆေး အသုံးပြုခြင်း
အဆီပြန်သော အရေပြားအတွက် Clay based အမျိုးအစားနှင့် ခြောက်သွေ့သောအရေပြားအတွက် Gel သို့မဟုတ် Cream အမျိုးအစားကို ရွေးချယ်ပါ။ ထိုဆေးလိမ်းနေစဉ် မျက်လုံးတစ်ဝိုက်ကို ချန်လှပ်ခဲ့ပြီး မိမိအသုံးပြုသည့် ကုန်ပစ္စည်းအမျိုးအစားပါ အညွှန်းပေါ်မူတည်၍ ၁၀ (သို့) ၂၀ မိနစ် ထားပေးပါ။ ပြီးလျှင် မျက်နှာသစ်ပေးပါ။
၅။ အစိုဓာတ်ပေးခြင်း
Retinol (သို့) Acid ဓာတ်ပြင်းသည့် အမျိုးအစားများ အသုံးပြုခြင်းကို ရှောင်ကြဉ်ခြင်း ဖြင့် ၎င်းတို့ကြောင့် အရေပြား အလွန်အမင်း အစိုဓာတ်ရရှိခြင်းကို ကာကွယ်ပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Health for all magazine, May 2016, Pg. 61
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
