အရေပြား ကြေးချွတ်ခြင်း
27-Feb-2017
အသားအရေ ချောမွေ့လှပပြီး ကျန်းမာစေဖို့ ထိန်းသိမ်းတဲ့အခါမှာ အရေပြား ကို ကြေးချွတ်သန့်စင်ပေးတာကလည်း မရှိမဖြစ် အရေးပါပါတယ်။ လူအများစု ဟာ နေ့တိုင်း ရေချိုး၊ သန့်စင်တာကို ပြုလုပ်ဖြစ်ပေမယ့် အရေပြားကြေးကင်း စင်ပြီး ချွေးပေါက်တွေ ပွင့်သွားစေဖို့အတွက် တစ်ကိုယ်လုံး ကြေးချွတ်ပွတ်တိုက်တာမျိုး ကိုတော့ မလုပ်ဖြစ်ကြပါဘူး။ အဲဒီအခါ ကြာလာရင် အရေပြားညစ်နွမ်းပြီး ချွေးပေါက် ပိတ်ဆို့ရာက အဖုအပိမ့်တွေ ပေါက်လာတတ်ပါတယ်။
လိုအပ်သောပစ္စည်းများ
• သံလွင်ဆီခွက်ရဲ့ လေးပုံတစ်ပုံ
• သကြားညိုခွက်တစ်ဝက်
• ဂျုံမှုန့်ခွက်တစ်ဝက်
• ကော်ဖီမှုန့်ခွက်တစ်ဝက်
• လာဗန်ဒါဆီ ဒါမှမဟုတ် ပူရှိန်းဆီ ဒါမှမဟုတ် သံပရာရနံ့ဆီ အစက် ၁-၃ စက်
ပါဝင်ပစ္စည်းအားလုံးကို အလုံပိတ် ဘူးထဲထည့်ပြီး မွှေကာ အချိန်အနည်းငယ် ထားပေးပါ။ ပြီးရင် ခန္ဓာကိုယ်အရေပြားကို ကြေးချွတ်ပေးနိုင်ပါတယ်။
ဒီကြေးချွတ်ဆေးကို အေးမြတဲ့နေရာမှာ သုံးပတ်ကျော်ကြာ ထားပေးပါ ။ ကြေးချွတ်ဆေးကို လိမ်းပြီး အရေပြားနူးညံ့နေစေချင်ရင် ရေမြှုပ် ဒါမှမဟုတ် ပိတ်စတစ်စနဲ့ ပွတ်တိုက်ပေးပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.262, May 2014, Pg. 111
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
