ဝိတ်ကျပြီးသူများ ဝိတ်ပြန်မတက်လိုပါက ကော်ဖီပုံမှန်သောက်သင့်
25-Feb-2017
ခန္ဓာကိုယ်အလေးချိန်ချတာက မလွယ်ဘူးဆိုရင် အစာထိန်းစားပြီး ဝိတ်ချပြီး တဲ့အချိန်မှာ ပြန်မဝအောင် လုပ်ဖို့ဆိုတာဟာလည်း ခက်မှာပါပဲ။ ဒါပေမယ့် ဒီပြဿနာကို အင်မတန်မှ ရိုးရှင်း လွယ်ကူတဲ့နည်းနှင့် ဖြေရှင်းနိုင်ပါတယ်။
အဲဒါကတော့ ကော်ဖီပုံမှန်သောက်ပေးဖို့ပါ။ ဝိတ်ပြန်မတက်ချင်တဲ့လူတွေ တစ်နေ့ကော်ဖီ နှစ်ခွက်ကနေ လေးခွက်ပုံမှန်သောက်သုံးပေးမယ်ဆိုရင် ဝိတ်ပြန် တက်လာစရာ အကြောင်းမရှိတော့ဘူးလို့ သုတေသီတွေက ဆိုပါတယ်။
ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်ကြောင့် ဒီလိုဝိတ်ပြန်မတက်တော့တာကို ယူဆရပါ တယ်။ ကဖင်းဓာတ်ပါတဲ့ တခြားအရည်တွေဟာလည်း ကော်ဖီလိုပဲအကျိုးပြုနိုင်တယ်လို့ ဂျာမနီနိုင်ငံ ဟန်အိုဗားဆေးကျောင်းက သုတေသီအဖွဲ့ကဆိုပါတယ်။
ကော်ဖီကြောင့် အသည်းရောဂါနှင့် ဆီးချိုရောဂါအမျိုးအစား ၂ လည်း ဖြစ်နိုင်ချေ နည်းသွားမယ်လို့ လေ့လာချက်တွေက ဆိုပြန်ပါတယ်။ ကော်ဖီသောက်ရင် အသက်လည်း ပိုရှည်တယ်လို့ အမေရိကန်သုတေသီအဖွဲ့က ဒီအပတ်အစောပိုင်းမှာ ထုတ်ပြန်လိုက် တဲ့ လေ့လာချက်မှာ ဖော်ပြထားပါသေးတယ်။
နောက်ဆုံးရရှိတဲ့အချက်ကတော့ လိုချင်တဲ့ ကိုယ်အလေးချိန်ရောက်တဲ့အထိ ဝိတ်ချထားပြီး အဲ့ဒီဝိတ်ကနေ ထပ်မတက်ချင်တဲ့ လူတွေ ကော်ဖီပုံမှန်သောက်မယ် ဆိုရင်တော့ ဝိတ်ထပ်မတက်နိုင်တော့ပါဘူးတဲ့လေ။ သုတေသီတွေက အမျိုးသားနဲ့ အမျိုးသမီးပေါင်း ၄၉၄ ကို လေ့လာပြီးမှ ဒီလေ့လာချက်ကို ထုတ်ပြန်တာပါ။ ကော်ဖီထဲမှာ သကြားနဲ့နွားနို့များများတော့ ထည့်မသောက်သင့်ဘူးပေါ့။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Arpgyam magazine, January 2016, No.282, Pg.1
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
