Toner အသုံးပြု ခြင်း၏ အကျိုးကျေးဇူးများ
25-Feb-2017
Toner သည် မျက်နှာသန့်စင်ပြီးနောက် မျက်နှာပြင်ရှိ ကျန်ရှိနေသော မည်သည့် အညစ်အကြေးမဆို ထပ်မံဖယ်ရှားပေးနိုင်ပြီး အရေပြားရှိ ရေဓာတ်ပမာဏကို သဘာဝ အတိုင်း ထိန်းညှိပေးနိုင်ကာ ရေဓာတ်ကို ရရှိနိုင်ပါလိမ့်မည်။
Toner အသုံးပြုပုံ အစီအစဉ်
၁။ Glycolic (သို့) Alphahydroxy acid (ကလိုင်ကိုလစ် (သို့) အယ်လ်ဖာဟိုက်ဒရိုဇီအက်ဆစ်) ဓာတ်များ ပါဝင်သော Toner သည် အရေပြား အမျိုးအစားများ အားလုံးအတွက် အကောင်းမွန်ဆုံး ဖြစ်ပါသည်။
၂။ မိမိနေအိမ်တွင် ပြုလုပ်လိုသူများအတွက် ဖော်ပြရလျှင် သာမန်နှင့်ခြောက်သွေ့ အရေပြားပိုင်ရှင်များသည် ဒိန်ချဉ်ကို သခွားရည်နှင့်ရော၍ မျက်နှာပြင်ကို လိမ်းပေး သင့်သည်။
၃။ အဆီပြန်သော အရေပြားဖြစ်ပါမူ ရှောက်ရည်နှင့် ပျားရည်အနည်းငယ်တို့ကို ကြက်ဥအကာတစ်လုံးဖြင့် ရော၍ မျက်နှာသစ်ပြီးလျှင် နေ့စဉ်လိမ်းပေးပါ။
၄။ အဆိုပါ လိမ်းထားသည်များကို ပြန်ဖျက်ရာတွင် ဝါဂွမ်းစတစ်ခုဖြင့် အောက်မှအထက်သို့ ပင့်၍ အပြင်ဘက်သို့ ဆွဲယူသုတ်ပစ်ပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အဥ္စလီစော
Arogyam magazine, No.280, November 2015, Pg. 55
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
