လွယ်လွယ်လေးနဲ့ လှလို့ရတယ်
25-Feb-2017
မထင်မှတ်ထားတဲ့ တချို့ ပစ္စည်းတွေက အလှအပ အတွက် အသုံးဝင် နေတတ်ပါတယ်။
သွားတိုက်ဆေးက ဝက်ခြံ ပျောက်စေပါတယ်
မနက်ဖြန် ပွဲတက်ရမှာ ဒီနေ့ ဝက်ခြံ ပေါက်နေပါသလား။ အရေပြား ပညာရှင်တွေရဲ့ အတည် ပြုချက်အရ သွားတိုက်ဆေးက ဘတ်တီးရီးယား ပိုးမွှားတွေကို ရှင်းလင်း ပစ်နိုင်ပြီး ဝက်ခြံ အရောင်ကျ စေပါတယ်။ ဒါပေမဲ့ သွားတိုက်ဆေး အဖြူမှသာ ထိုသို့ အာနိသင် ရှိတာပါ။ gel ဆိုရင် မရပါဘူး။ ဝက်ခြံ ပေါက်နေတဲ့ နေရာကို ညအိပ်ရာ ဝင်ခါနီးမှာ သွားတိုက်ဆေးနဲ့ တို့ထားလိုက်ပါ။ အများကြီးတော့ မသုံးပါနဲ့။ မနက်လင်းရင် ရေနဲ့ ဆေးလိုက်ပါ။ ဝက်ခြံ အရောင် လျော့သွားပါလိမ့်မယ်။
နေလောင်ကွက်တွေကိုမုန့်ဖုတ် ဆိုဒါက ဖယ်ရှား ပေးပါတယ်။
အရေပြားမှာ နေလောင်ကွက်တွေ ဖြစ်နေရင် မုန့်ဖုတ်ဆိုဒါ အနည်းငယ်ကို ရေနဲ့ရောပြီး နေလောင်ကွက် နေရာကို ပွတ်တိုက် ချေးခ၊ွတ်ပါ။ ထို ဆိုဒါက အဆိပ်အတောက် လုံးဝမရှိပါဘူး။ နေလောင်ကွက်မှာ ဖြစ်နေတဲ့ ဆဲလ် အသေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ဝင်းလက် စေပါတယ်။
သကြားမပါတဲ့ ပီကေ ဝါးခြင်းက သွားယိုယွင်း ပျက်စီးတာကို ကာကွယ် ပေးပါတယ်
အစာစားပြီး သွားတိုက်ဖို့ အချိန် မရဘူးဆိုရင် သကြားမပါတဲ့ ပီကေကို ၀ါးတာက သွားပိုးစားခြင်းကို ကာကွယ် ပေးပါတယ်။ ပီကေဝါးခြင်းဟာ တံတွေး ဂလင်းက တံတွေးကို ပိုထွက်စေပါတယ်။ တံတွေးက အစာစားလို့ ဖြစ်လာတဲ့ ဘက်တီးရီးယားတွေက ထုတ်တဲ့ အက်စစ်ကို ချေဖျက် ပေးပါတယ်။
အာလူးက မျက်ကွင်း ညိုတာကိုလျော့ကျ စေပါတယ်
မျက်ကွင်း ညိုတာကို သဘာဝနည်းနဲ့ ပျောက်ကင်းချင်ရင် တော့ အာလူးကို အသုံးပြုကြည့်ပါ။ ဆေးကြော အခွံ နွှာထားသော အာလူး အစိမ်းကို ပါးပါးလှီးကာ မျက်လုံးပေါ်တွင် တင်ထားပါ။ (၁၀) မိနစ်ကြာလျှင် ကြက်သီးနွေး ရေဖြင့် မျက်လုံး တစ်ဝိုက်ကို ဆေးကြောလိုက်ပါ။
လက်ဖက်ရည်ကြမ်း နှင့် ရှောက်ရည်က ဆံသားကို တောက်ပ စေပါတယ်
ခေါင်းလျှော်တဲ့ အခါ လက်ဖက်ရည်ကြမ်းနဲ့ ရှောက်ရည် အရောကို conditioner အဖြစ် အသုံးပြုပါ။ ထို့နောက် ဆံပင် အခြောက်ခံ စက်ဖြင့် အခြောက် ခံလိုက်ပါ။ ဆံသားတွေ သိသိ သာသာ တောက်ပ လာပါလိမ့်မယ်။
မိုရ်မိုရ် (YUFEL)
Messenger news journal
Credit: Myawady Health
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
