အလှအပဆိုင်ရာအသုံးဝင်သော မန်ကျည်းသီး
25-Feb-2017
အသားအရေဝင်းလက်စေရန်
မန်ကျည်းသီးအနှစ်လက် (၁)ဆုပ်ကိုယူပြီး ရေ (၁၀၀) မီလီနှင့် ပျစ်လာသည်အထိရောနယ်ပါ။ အမာရွတ်များ၊ အမှတ်များရှိသည့်နေရာကိုပွတ်ပါ။ ခြောက်အောင်ထားပြီးရေနှင့်ဆေးပါ (သို့) မန်ကျည်းနှစ်နှင့် နနွင်းအနည်းငယ်ကို ရေနှင့်ရော၍ မျက်နှာတွင် မိနစ် (၂၀) ထားပြီးမှ ရေနွေးနှင့်ဆေးပါ။
ဆားဝက်ခြံများကို ဆေးကြောရန်
မန်ကျည်းနှစ်ကို ရှောက်ရည်၊ ပျားရည် လက်ဖက်ရည်ဇွန်း(၁) ဇွန်းနှင့်ရောပြီးသေချာစွာမွှေပါ။ ဆားဝက်ခြံရှိသည့်နေရာကို လိမ်းပြီး (၁၅) မိနစ်ထားပြီးမှရေနွေးနှင့်ဆေးပါ။
မျက်နှာပေါင်းတင်ရန်
မန်ကျည်းနှစ်ကို ရွှေချီမှုန်၊ ဂျုံ၊ ပျားရည်နှင့်ရော၍ မျက်နှာတွင်လိမ်းပြီး မိနစ် (၂၀) အခြောက်ခံပြီး ရေနွေးနှင့်ဆေး၍ နှိပ်နယ်ပေးပါ။
ချေးချွတ်ရန်
မန်ကျည်းနှစ်ကို သကြား၊ မုန့် ဖုတ်ဆိုဒါရော၍လိမ်းပြီး ချေးချွတ်နိုင် သည်။
toner အဖြစ် အသုံးပြုရန်
မန်ကျည်းနှစ်နှင့် နှင်းဆီရည် ရောပြီးဝါဂွမ်းနှင့် တို့လိမ်းပါ။ ရေဓာတ်ဖြည့်ပေးသောအကောင်းဆုံး ဆေး (၁)လက် ဖြစ်သည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါန
Myawady News
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
