လေးရက်အတွင်း ကိုယ်ရည်စစ်စေမယ့် အလွယ်ဆုံးနည်းလမ်း
31-Oct-2016
လေးရက်အတွင်း ကိုယ်ရည်စစ်စေမယ့် အလွယ်ဆုံးနည်းလမ်း
ကိုယ်အလေးချိန် ချလိုသူတွေနဲ့ ပေါ့ပါးလန်းဆန်းမှုမရှိ ဖြစ်နေသူတွေအတွက် ဒီနည်းလမ်းလေးကို စမ်းကြည့်နိုင်ပါတယ်။ Detox Water လို့ ခေါ်တဲ့ ရေတစ်မျိုးပါ။ ကိုယ်တိုင်လည်း လွယ်လင့်တကူ ပြုလုပ်နိုင်ပြီး ထိရောက်ရောက် ကောင်းကျိုးခံစား ရနိုင်မှာပါ။ Detox Water ဟာ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ရှင်းလင်းပေးနိုင်ပြီး စိတ်နဲ့ကိုယ်ကို ကြည်လင်လန်းဆန်းစေနိုင်ပါတယ်။
လိုအပ်တာကတော့ သခွားသီး၊ ပူဒီနာ (ပူစီနံ)၊ သံပရိုသီးနဲ့ ဂျင်းတို့ပဲ ဖြစ်ပါတယ်။ သခွားသီးအသေးတစ်လုံး၊ သံပရိုသီးတစ်လုံးတို့ကို ပါးပါးလှီးပါ။ ပူဒီနာ ၁၂ ရွက်ကို လက် နဲ့အနည်းငယ်ချေပါ။ ခြစ်ထားတဲ့ ဂျင်း လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာတို့ကို လိုအပ်ပါတယ်။ အားလုံးပြင်ဆင်ပြီးရင်တော့ ရေ ၂ လီတာနဲ့ ပေါင်းစပ်ပေးရမှာပါ။
ရလာတဲဲ့ detox water ကို ဖန်ပုလင်းထဲမှာထည့်ပြီး သောက်ပေးရုံပါပဲ။
ရေအစားထိုး သောက်ပေးရမှာဖြစ်ပြီး ရေဓာတ်ကို ပိုမိုဖြည့်တင်းပေးနိုင်တဲ့အပြင် လူကို ပေါ့ပါးလန်းဆန်းစေနိုင်မှာဖြစ်ပါတယ်။ အဆီတွေကို ဖယ်ရှားရှင်းလင်းပေးနိုင် ဖို့အတွက် ကိုယ်တိုင်ပြုလုပ်ထားတဲ့ detox water ကို ပုံမှန်အတိုင်း သောက်ပေးရင်လေးရက်အတွင်း သိသာလာပါလိမ့်မယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : duwun
Lwin Pyin facebook page
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

