အမျိုးသမီးတွေအနေနဲ့ ကျန်းမာ၊ လှပတဲ့ ရင်သားတွေ ရရှိစေဖို့
30-Oct-2016
ရင်သားတွေဟာ အမျိုးသမီးဖြစ်ရခြင်းရဲ့ သင်္ကေတတစ်ခုုဖြစ်တဲ့အတွက် အမြဲတမ်းလိုလိုအာရုံစိုက်ခံကြရလေ့ ရှိပါတယ်။ ရင်သားတွေကိုဂရုစိုက်ဖို့ဆိုတာ အတော်လေးအရေးကြီးပါတဲ့ အချက်တွေ ဖြစ်တာကြောင့် လှပတဲ့ရင်သားတွေ ရရှိဖို့ အောက်မှာဖော်ပြထားတဲ့အချက်တွေအတိုင်းနေထိုင် ပြုမူရမှာပါ။
ဘရာအမြဲဝတ်ပါ။ ဣန္ဒြေ ပြည့်လှတဲ့ ခန္ဓာကိုယ်အနေအထားနဲ့ အမြဲတန်းနေပါ။ လှပတဲ့ရင်သားတွေကိုထိန်းသိမ်းချင်တယ်ဆိုရင်တော့ လေးပင်တဲ့အရာတွေသယ်ခြင်းကိုရှောင်ပါ။ ရေချိုးပြီးတဲ့အခါမှာရေဓါတ်ကြွယ်ဝတဲ့ ခရင်(မ်) နဲ့ ရင်သားတွေကိုလိမ်းပြီး ဖြည်းညင်းစွာဆုပ်နယ်ပေးပါ။ ရင်သားတစ်သျှူးတွေကို ထိခိုက်စေမယ့် ရေနွေးနဲ့ရေချိုးခြင်းကိုတတ်နိုင်သမျှရှောင်ကြဉ်ပါ။ ရင်သားပုံကျဖို့ တစ်မိနစ်ခန့် ရေအေးဖြင့် ရေချိုးပါ။ ရင်အုပ်ကြွက်သားတွေကိုထိန်းသိမ်းဖို့အတွက်ရေကူးပေးပါ။ ရင်သားတွေကိုဖိညှစ်သလိုဖြစ်စေမယ့် အလွန်ကြပ်ထုပ်တဲ့ အဝတ်အစားတွေ ၀တ်ဆင်ခြင်းမှရှောင်ကြဉ်ပါ။ နေရောင်ဒဏ်ကာကွယ်တဲ့ ခရင်(မ်)တွေလိမ်းရတာမကြိုက်ဘူးဆိုရင်တော့ နေရောင်အောက်မှာကြာကြာမနေပါနဲ့။ နေရောင်နဲ့ ကြာကြာထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အတွက်တော့ ရင်သားတွေကို almond oil ပုံမှန် လိမ်းပြီး ဆုပ်နယ်ပေးသင့်ပါတယ်။
Ref:
Jack
thihtoolwin
Saturday, October 31, 2015
Source:
Beauty
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

