ရုံးပတီသီးကို အလှအပအတွက် ဘယ်လိုသုံးမလဲ
30-Nov-2018
အရေပြားကျန်းမာစေတယ်
ရုံးပတီသီးမှာ အမျှင်ဓာတ်များစွာပါဝင်လို့
အစာအိမ်နဲ့ အူလမ်းကြောင်းအတွင်း အဆိပ်အတောက်တွေမရှိအောင် ရှင်းလင်းပေးပါတယ်။ ဒါဟာ သင့်အသားအရေကို
ကျန်းမာစေတဲ့ အဓိကအချက်ပါ။
အသားအရေနုပျိုစေတယ်
ရုံးပတီသီးမှာ ဗီတာမင်
C ပါဝင်ပြီး သင့်အသားအရေကို နုပျိုလန်းဆန်းစေ ပါတယ်။ ဒါ့အပြင် တစ်သျှူးတွေကို ပြန်လည်ပြုပြင်ပေးလို့
နုပျိုတဲ့အသွင် ဆောင်စေပါတယ်။
အသားအရောင် ညီစေတယ်
ရုံးပတီသီးမှာ အာဟာရဓာတ်တွေ
များစွာပါဝင်လို့ ပျက်စီးသွားတဲ့ တစ်သျှူးတွေကို ပြန်လည်ပြုပြင်ပေးပါတယ်။ ဒီလိုပြုလုပ်တာကြောင့်
အသားအရေအရောင်မညီဘဲ ညိုညစ်ညစ်ဖြစ် တာကနေကင်းဝေးစေပါတယ်။
စေးကပ်မှုမရှိသော
ဆံသားကို ရရှိစေတယ်
စေးကပ်ပြီး ပျက်စီးနေတဲ့ဆံသားအတွက်
ရုံးပတီသီးကို အသုံးပြုနိုင်ပါတယ်။ ရုံးပတီသီးကို ရေအနည်းငယ်နဲ့ ပြုတ်ပြီး ရလာတဲ့ ချွဲကျိကျိအရည်ကို
ဆံသားအနှံ့လိမ်းပါ။ ၁၅ မိနစ်ထားပြီးမှ ရေနဲ့သန့်စင်ပေးပါ။
ကွန်ဒီရှင်နာအဖြစ်
အသုံးပြုနိုင်တယ်
ရုံးပတီသီးကို ရေနဲ့ပြုတ်ပြီးရလာတဲ့
ချွဲကျိကျိအရည်ကို ကွန်ဒီရှင်နာအဖြစ် အသုံးပြုနိုင်ပါတယ်။ လျှော်နေကျခေါင်း လျှော်ရည်နဲ့
ခေါင်းလျှော်ပြီး ပြောင်စင်အောင် ရေနဲ့သန့်စင်ပါ။ ပြီးမှ ရုံးပတီသီး ပြုတ်ရည်ကို ဦးရေပြားအနှံ့လိမ်းကာ
ညင်သာစွာနှိပ်နယ်ပေးပါ။ ၁ဝ မိနစ်ထားပြီးမှ ရေနဲ့သန့်စင်ပေးပါ။
ဦးရေပြားအစိုဓာတ်ကို
ထိန်းပေးတယ်
ဦးရေပြားခြောက်သွေ့ပြီး
ယားယံတာ မဖြစ်အောင် ရုံးပတီသီးကို အသုံးပြုနိုင်ပါတယ်။ ဓာတုပစ္စည်းပါဝင်တဲ့ ဆံပင် အလှပြင်ပစ်္စည်းတွေလိုမျိုး
ဆံသားကို ထိခိုက်မှုမရှိပါ။ ဦးရေပြားအစိုဓာတ်ကို ထိန်းပေးပြီး ယားယံတာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ခေါင်းလျှော်ပြီးတဲ့အခါ ရုံးပတီသီးပြုတ်ရည်ကို ဦးရေပြား ပေါ်လိမ်းပြီး ညင်သာစွာနှိပ်နယ်ပေးပါ။
ဗောက်များကင်းစင်စေတယ်
ရုံးပတီသီးကို ကွန်ဒီရှင်နာအဖြစ်
အသုံးပြုနိုင်ရုံသာမကဘဲ ဗောက်တွေကင်းရှင်းစေဖို့အတွက်လည်း အသုံးပြု နိုင်ပါတယ်။ ရုံးပတီသီးပြုတ်ရည်ကို
ကွန်ဒီရှင်နာအဖြစ် ပုံမှန်အသုံးပြုပေးပါက ဦးရေပြားပေါ်က ဗောက်တွေ ကင်းရှင်းစေပါတယ်။
ပိုးသားလို နူးညံ့ပျော့ပျောင်းစေတယ်
ရုံးပတီသီးပြုတ်ရည်ကို
ကွန်ဒီရှင်နာအဖြစ် ခေါင်းလျှော်ပြီးတိုင်း ပုံမှန်အသုံးပြုပေးပါက ပိုးသားလို နူးညံ့ပျော့ပျောင်းတဲ့
ဆံသားအလှကို ရရှိစေနိုင်ပါတယ်။
ဆံသားတောက်ပြောင်
လှပစေတယ်
ရုံးပတီသီးက ဆံသားကို
တောက်ပြောင်စေဖို့ ကူညီနိုင်ပါတယ်။ ခေါင်းလျော်ပြီးတဲ့အခါတိုင်း ကွန်ဒီရှင်နာအဖြစ်
အသုံးပြုပေးပါ။
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
