လေဖြတ်ခြင်း/လေဖြန်းခြင်းနဲ့ Heart Attack တို့ရဲ့ မတူညီတဲ့လက္ခဏာရပ်များ
12-Nov-2018
လေဖြတ်/လေဖြန်းခြင်း (Stoke) နဲ့ Heart Attack တို့ဟာ မတူညီဘူးလို့ ဆေးပညာရှင်တွေက ဆိုပါတယ်။ ရှေ့ပြေးန
မိတ်တွေ ပြတဲ့အခါမှာ တစ်ချို့ကိစ္စရပ်တွေဟာ တူသယောင်ရှိပေမယ့် ဆေးပညာအမြင်အရတော့ လုံးဝကွဲပြားပါတယ်။
အဆိုပါ အခြေအနေနှစ်ခုလုံးဟာ လူ့အသက်အန္တရာယ်ကို
အချိန်မရွေး ဒုက္ခပေးနိုင်တာမို့ Shwemom ပရိသတ်ကြီးအနေနဲ့ မိမိကိုယ်ကိုယ်
ကြိုတင်သတိထားဖို့ လိုပါတယ်။ မသိသေးသူတွေ သိရဖို့အတွက်လည်း Share လုပ်ခြင်းဖြင့် ကုသိုပြုသွားကြပါဦး။
Heart Attack ဆိုသည်မှာ
Heart
Attack ဆိုတာကတော့ အောက်ဆီဂျင်ပါဝင်တဲ့ သွေးတွေကို နှလုံးထဲမှာ စီးစင်းမှုနည်းပါးအောင်
ဟန့်တားခြင်းခံရပြီး၊ အောက်ဆီဂျင်ပြတ်တောက်ခြင်းကနေတဆင့် နှလုံးကြွက်သားတွေကို ထိခိုက်ပျက်စီးစေပါတယ်။
နှုလုံးရောဂါအများစုဟာ နှုလုံးသွေးကြောနဲ့ပတ်သက်တဲ့ ပြဿနာတွေပေါ်မှာ အခြေခံကြောင်း ဗြိတိန်နှလုံးဖောင်ဒေရှင်းက
ဆိုပါတယ်။ Heart Attack ဆိုတာကတော့ အောက်ဆီဂျင်ပါဝင်တဲ့ သွေးတွေကို နှလုံးထဲမှာ စီးစင်းမှုနည်းပါးအောင်
ဟန့်တားခြင်း ခံရပြီး၊ အောက်ဆီဂျင်ပြတ်တောက်ခြင်းကနေတစ်ဆင့် နှလုံးကြွက်သားတွေကို ထိခိုက်ပျက်စီးစေပါတယ်။
နှုလုံးရောဂါအများစုဟာ နှုလုံးသွေးကြောနဲ့ပတ်သက်တဲ့ ပြဿနာတွေပေါ်မှာ အခြေခံကြောင်း ဗြိတိန်နှလုံးဖောင်ဒေရှင်းက
ဆိုပါတယ်။
နှလုံးသွေးလွှတ်ကြောကြီးဟာ
နှလုံးကြွက်သားတွေထဲကို အောက်ဆီဂျင်ပါတဲ့ သွေးတွေ ကောင်းမွန်စွာစီးဆင်းစေဖို့ တာဝန်ယူရပြီး
အဲဒီသွေးကြောမကြီး ကျဉ်းမြောင်းရင် နှလုံးထဲကို ပို့လွတ်တဲ့ အောက်ဆီဂျင်ပါသွေးတွေဟာ
စီးဆင်းမှု အားမ ကောင်းတော့ပါဘူး။ ဒီလိုအခြေအနေကနေ မကြာမီမှာ တဖြည်းဖြည်း နှလုံးသွေးလွှတ်ကြောနံရံတွေမှာ
အဆီတွေ ခိုအောင်းလာပါတော့တယ်။ အဲဒီကမှတစ်ဆင့် နှလုံးသွေးကြော လုံးဝပိတ်သွားပြီး အသက်အန္တရာယ်ကို
ဖြစ်စေတာပါ။
နှလုံးသွေးကြော
လုံးဝပိတ်သွားတဲ့အခါမှာ သွေးစီးဆင်းမှု မမှန်ကန်တော့တဲ့အတွက် သွေးတွေကလည်း အခဲပုံစံဖြစ် ကုန်ပါတော့တယ်။ ဒီနည်းနဲ့ နောက်ဆုံးမှာ နှလုံးရပ်တန့်ကာ အသက်အန္တရာယ်ကို ဖြစ်စေတဲ့အထိ
သက်ရောက်မှုတွေ ပေးပါတယ်။ Heart Attack တွေကို Myocardial Infarction, Coronary Thrombosis သို့မဟုတ်
Acute Coronary Syndrome စတဲ့ အမည်တွေနဲ့ အဆင့်ခွဲခြား သတ်မှတ်လေ့ရှိပါတယ်။
(၁)
ရင်ဘတ်အောင့်ခြင်း၊ ရင်ဘက်မခံရပ်အောင် နာကျင်ခြင်း
(၂) လက်မောင်း
နာကျင်ခြင်း၊ လည်ပင်း၊ မေးရိုး၊ နောက်ကျော၊ အစာအိမ်စတဲ့နေရာတွေမှာ မခံရပ်နိုင်အောင်
ထိုးအောင့် နာကျင်ခြင်း၊
(၃) ချွေးစေးများ
ထွက်ခြင်း၊
(၄) ရုတ်တရက်
မူးဝေခြင်း၊
(၅) အသက်ရှုမဝခြင်း၊
(၆) မအီမလည်ဖြစ်ခြင်း၊
ပျို့အန်ခြင်း-တို့ ဖြစ်ပါတယ်။
လေဖြန်းခြင်း/လေဖြတ်ခြင်း (Stroke) ဆိုသည်မှာ
Stroke ဆိုတာကတော့ ဦးနှောက်နဲ့ဆိုင်တဲ့ ရောဂါဖြစ်ပါတယ်။ ဦးနှောက်ကို ပို့တဲ့ သွေးလွှတ်ကြောပိုင်းဆိုင်ရာ ရောဂါလို့လည်း ပြောလို့ရပါတယ်။ ဦးနှောက်ထဲကို အောက်ဆီဂျင်ပါတဲ့ သွေးစီးဆင်းမှု နည်းပါးရင်၊ နှေးရင်၊ ပြတ်တောက်သွားရင် အချိန်မရွေး သေဆုံးနိုင်ပါတယ်။ ဦးနှောက်ထဲကို အောက်ဆီဂျင်ရောက်ရှိမှု ပြတ်တောက်သွားပြီ ဆိုတာနဲ့ ဦးနှောက်ဆဲတွေဟာ လျှင်မြန်စွာ သေဆုံးကုန်ပါတော့တယ်။ လေဖြန်းခြင်း လေဖြတ်ခြင်း စတဲ့ ရောဂါလက္ခဏာတွေဟာ ဒီအခြေအခြေအနေကနေတစ်ဆင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
အဲဒီလိုဖြစ်တော့မယ့်
လူမှာ ရှေ့ပြေးနိမိတ်အဖြစ် စက္ကန့်ုပိုင်း သို့မဟုတ် မိနစ်ပိုင်းအတွင်း စကားပြောတဲ့အသံ
ပုံမှန်မဟုတ်
ပဲ လေးလာခြင်း၊ ခန္ဓာကိုယ်ရဲ့ ဘယ်ခြမ်း၊ သို့မဟုတ် ညာခြမ်းမှာ ရုတ်တရက် အားနည်းသလိုလို၊
လှုပ်ရှားမှုမရတော့သလိုလို ဖြစ်သွားခြင်းစတဲ့ လက္ခဏာတွေ ပြလေ့ရှိပါတယ်။Stroke
ကို နှစ်မျိုးသတ်မှတ်ထားပြီး ဦးနှောက်ထဲ သွေးစီးဆင်းမှုပြတ်တောက်ခြင်း Ischaemic
Stroke နဲ့ ဦးနှောက်ထဲ
သွေးကြောပေါက်ကာ သွေးယိုစိမ့်မှုဖြစ်ခြင်း Haemorrhagic Stroke ဆိုပြီး ခွဲခြားထားပါတယ်။
Stroke ၏ ရှေ့ပြေးလက္ခဏာများ
(၁)
မျက်နှာပြင်ကြွက်သားများ အလုပ်ကောင်းစွာမလုပ်တော့ခြင်း၊ (ဥပမာ-ပြုံးလို့မရခြင်း၊ မျက်နှာယောင်ကိုင်းလာခြင်း)
(၂) လက်မောင်းများ
ပျော့တွဲသွားခြင်း၊ မသန်တော့ခြင်း၊
(၃) စကားပြောရမှာ
သာမန်အချိန်ထက် လေသံသွက်လက်မှုမရှိခြင်း၊ သွက်လက်မှုမရှိတော့ခြင်း၊ ဗလုံးဗထွေးဖြစ်ခြင်း၊
နားလည်ရန် ခက်ခဲခြင်း၊
(၄) ခန္ဓာကိုယ်တစ်ခြမ်း
ရုတ်တရက်လှုပ်မရခြင်း၊
(၅)
အမြင်မကြင်လင်ခြင်း၊ အမြင်အာရုံ ရုတ်တရက်ကွယ်ခြင်း (တစ်ခါတလေ မျက်လုံးတစ်တည်း ကွက်ဖြစ်တတ်သည်)
(၆) ရုတ်တရက်
ခေါင်းအပြင်းအထန် ကိုက်ခြင်းတို့ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို ကြိုတင်သိရှိပြီး
Shwemom ပရိသတ်ကြီးအနေနဲ့ မိမိတို့ မိဘတွေ၊ သက်ကြီးရွယ်အို ဘိုးဘွားတွေကို မိနစ်ပိုင်းအတွင်းကနေ
နာရီဝက်အတွင်းမှာ အသက်အန္တရာယ်ကနေ ကြိုတင်ကာကွယ်နိုင်ပါတယ်။
နတ်စည်တော် (Shwemom)
source :
thesun.co.uk
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
