ပန်းသေ ပန်းညှိုးရောဂါအတွက် အိမ်တွင်းကုသနည်းများ
05-Jun-2018
ပန်းသေပန်းညှိုးရောဂါသည်
အသက်လေးဆယ်ကျော် အမျိုးသားများတွင် တွေ့ရလေ့ရှိပြီး နောက်ဆက်တွဲ အနေဖြင့် မိမိကိုယ်ကို
ယုံကြည်မှုကျဆင်းခြင်း စိတ်ကျခြင်းများကိုပါ ခံစားရနိုင်သည်။ ဤရောဂါကို ဖြစ်စေနိုင်သာ
အကြာင်းအရင်းများမှာ ဆီးချို၊သွေးတိုးနှင့် အဝလွန်ခြင်းကဲ့သို့သော ခန္ဓာကိုယ်ပိုင်းဆိုင်ရာ
ရောဂါများနှင့် စိတ်ဖိစီးမှုများခြင်း၊ စိတ်ကျခြင်းကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ဝေဒနာများကြောင့်
ဖြစ်နိုင်သည်။ အကြောင်းရင်းခံဝေဒနာများကို ကုသပေးခြင်းအားဖြင့် ပန်းသေပန်းညှိုးရောဂါကို
သက်သာပျောက်ကင်း စေနိုင်သည်။ အောက်ဖော်ပြပါများမှာ ပန်းသေပန်းညှိုးရောဂါကို သက်သာစေနိုင်သော
အိမ်တွင်းကုထုံးများ ဖြစ်သည်။
၁။
ကြက်သွန်ဖြူ
သွေးလည်ပတ်မှုကို
ကောင်းမွန်စေသောကြောင့် နေစဉ်ကြက်သွန်ဖြူ သုံးလေးမွှာခန့်စားပေးခြင်းဖြင့် ရောဂါသက်သာစေနိုင်သည်။
၂။
ကြက်သွန်နီ
ကြက်သွန်နီသည်
ယောက်ျားအားအင်ကို တိုးတက်စေနိုင်ပြီး အိပ်ယာထဲ သုတ်လွှတ်ခြင်းကို သက်သာကောင်းမွန်စေသည်။
၃။
မုန်လာဥနီ
မုန်လာဥနီတွင်
ဘီတာ ကယ်ရိုတင်းဓာတ် (beta-carotene) မြင့်မားစွာပါဝင်ပြီး အမျိုးသားအားကို တိုးမြင့်စေသော
ကြောင့် တရုပ်ပရဆေးပညာရှင်များက ပန်းသေပန်းညှိုးရောဂါအတွက် ကောင်းမွန်သည်ဟု သတ်မှတ်ကြသည်။
၄။
သလဲသီးဖျော်ရည်
အိုမင်းခြင်းကို
ကာကွယ်ပေးနိုင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidant) ပါဝင်ပြီး သွေးလည်ပတ်မှုကိုလည်း
ကောင်းမွန်စေသောကြောင့် သလဲသီးဖျော်ရည်ကို နေ့စဉ် ပုံမှန်သောက်သုံးခြင်းဖြင့် ပန်းသေပန်းညှိူးရောဂါကို
တိုးတက်ကောင်းမွန်စေနိုင်သည်။
၅။
တင်ပါးဆုံကွင်းကြွက်သားလေ့ကျင့်ခန်း
တင်းပါးဆုံကွင်းကြွက်သားကို
ကျုံ့ပေးခြင်း ဖြေလျော့ပေးခြင်း စသည့်လေကျင့်ခန်း
ပြုလုပ်ပေးခြင်းဖြင့် ပန်းသေပန်းညှိုးရောဂါကို သက်သာပျောက်ကင်းစေနိုင်ယုံသာမက
ဆီးမထိန်းနိုင်ခြင်းကိုပါ တိုးတက်ကောင်းမွန်စေသည်။
၆။
ကိုရီးယားဂျင်ဆင်းနီ
သုတေသနပြုလုပ်မှုများအရ
ကိုရီးယားဂျင်ဆင်းနီနှင့် ပြုလုပ်သောဆေးကို သုံးစွဲခြင်းဖြင့် ပန်းသေပန်းညှိုးရောဂါကို
သက်သာပျောက်ကင်းစေကြောင်းကို တွေ့ရှိရသည်။
၇။
ဂျင်း
ပရဆေးပညာရှင်များ၏
အဆိုအရ ဂျင်းသည် ပန်းသေပန်းညှိူးနှင့် သုတ်လွှတ်စောခြင်းတို့ကို ပျောက်ကင်းသက်သာ စေနိုင်ကြောင်းသိရှိရသည်။
၁၀။
အပ်စိုက်ကုထုံး
အပ်စိုက်ခြင်းကို
လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းကရောဂါကုသရာတွင် အသုံးပြုခဲ့ကျသည်။ သုတေသနမှတ်တမ်းများအရ
စိတ်ပိုင်းဆိုင်ရာ အကြောင်းအရင်းများကြောင့်ဖြစ်သော ပန်းသေပန်းညှိုးရောဂါကို အပ်စိုက်ခြင်းဖြစ်သက်သာ
ပျောက်ကင်းစေနိုင်ကြောင်းသိရသည်။
Dr.Aung
Aung
Ref:
top10homeremedies.com
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
