အပူရှပ်ခြင်းကြောင့် နွမ်းနယ်ခြင်း
12-Mar-2018
လူတစ်ယောက်သည် ပူသောရာသီ၌ဖြစ်စေ၊ ပူသောပတ်ဝန်းကျင်ကြောင်ဖြစ်စေ နေသည်မှာ ကြာလာပါက ချွေးအလွန်ထွက်၍ ခန္ဓာကိုယ်တွင်းမှရေနှင့်ဆားဓာတ် လျော့ပါးကုန်သဖြင့် သွေးဖိအားကျ၊ သွေးထုထည်ကျကာ မောပန်းနွမ်းနယ်လာသည်။ ဤသည်ကို အပူကြောင့် နွမ်းနယ်ခြင်း သို့မဟုတ် အပူမောပန်းခြင်းဟုခေါ်၏။
က။ အပူနွမ်းနယ်ခြင်းလက္ခဏာများ
၁။ နေထိုင်၍မကောင်းခြင်း
၂။ သတိမေ့လာခြင်း
၃။ အားနည်းသည်ဟုခံစားရခြင်း
၄။ ချွေးအလွန်ထွက်ခြင်း
၅။ ခေါင်းမူးခြင်း
၆။ ပျို့ခြင်း
၇။ ကြွက်တက်ခြင်း
၈။ မတ်တပ်မရပ်နိုင်ခြင်း၊ ရပ်ကသွေးဖိအားကျခြင်း
၉။ အေး၍စိုသော အရေပြားရှိခြင်း
ခ။ ဖြစ်နိုင်သောသူများ
၁။ အသက် ၂ နှစ် အောက်ကလေး
၂။ အသက် ၆၅ နှစ်ထက်လူကြီး
၃။ နှလုံး၊ ကျောက်ကပ်၊ ဆီးချိုရောဂါရှိသူ
၄။ အထူးသဖြင့် အင်ဆူလင် (Insulin) ဆေးထိုးထားသူ
၅။ အဝတ်ထူဝတ်ထားသူ
၆။ စစ်သား
၇။ အားကစားသမားများ
ဂ။ ဖြစ်နိုင်သောအကြောင်းများ
၁။ အလွန်ပူအိုက်သော ရာသီ ဥပမာ ပြင်ပအပူရှိန် ၉၃.၀ ဒီဂရီ ဖာရင်ဟိုက်ကျော်သည့်အခါ
၂။ နေပူထဲလမ်းလျှောက်သူ၊ လေ့ကျင့်သူ အကြာကြီးနေရသူ
၃။ အရက်သောက်ထားသူ
၄။ သွေးကြောကျယ်ဆေး ဥပမာ ဘီတာပိတ်ဆေး (Beta Blocker) စားထားသူ
၅။ အဝတ်ထူထူဝတ်၍ အပူထဲနေသူ
၆။ ဝလွန်းသူ
၇။ အအေးပိုင်းမှ အပူပိုင်းရောက်လာသူ
ဃ။ ကုသကာကွယ်မှု
၁။ နေပူထဲမှ အရိပ်ထဲခေါ်ပါ
၂။ အဝတ်ထူများဝတ်ထားက ချွတ်ပါ
၃။ ကိုယ်ပေါ်သို့ ရေအေးဖြန်းပါ။ ပန်ကာဖွင့်ပါ။
၄။ ရေအေးတိုက်ပါ။ ကော်ဖီ၊ အရက်၊ သကြား၊ မတိုက်ပါနှင့်
၅။ သွေးဖိအားနည်းကလှဲအိပ်ပါစေ
၆။ သစ်သီးဖျော်ရည်တိုက်ပါ
၇။ သွေးအားသိပ်ကျက ဓာတ်ဆားရည်သွင်းပါ
၈။ ကားထဲမှာ မည်သူ့ကိုမျှ အကြာကြီးမထားပါနှင့်
၉။ နေပူထဲတွင် ခန္ဓာကိုယ်လှုပ်ရှားမှုမပြုလုပ်ပါစေနှင့်
၁၀။ အိမ်ပတ်ဝန်းကျင်အေးအောင်ရေဖြန်းပါ
၁၁။ နေပူထဲသွားလာက နေပူခံလိမ်းဆေး Sunscreen ၁၅ လိမ်းသွားပါ
၁၂။ အေး၍ ပွသောအဝတ်ကိုဝတ်ပါ။ ခန္ဓာကိုယ်ကို နေလုံပါစေ။
Credit: ဒေါက်တာမောင်မောင်ညို
လူတိုင်းအတွက် အရေးပေါ်ဆေးပညာ
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

