Print

သွေးဆုတ်သွေးလန့်ခြင်း လက္ခဏာများ

  27-Feb-2017
Preview Image

သွေးဆုတ်သွေးလန့်ခြင်း ဖြစ်သောလူနာတွင် တွေ့ရသည့် လက္ခဏာများမှာ ဂဏာမငြိမ်ဖြစ်လာခြင်း၊ စိုးရိမ်ပူပန်မှု များလာခြင်း၊ အသားအရေ ဖြူဖတ်ဖြူလျော် ဖြစ်လာခြင်း၊ ချွေးစေးများထွက်ပြီး အရေပြား အေးစက်လာခြင်း၊ စိုစွတ်လာခြင်း အသက်ရှူမြန်လာခြင်း၊ သွေးခုန်နှုန်းမြန်ခြင်း၊ သွေးဖိအားကျဆင်းခြင်း၊ အလွန်အမင်းရေငတ်ခြင်း၊ ခေါင်းမူး၊ ခေါင်းအုံးခံစားရပြီး မျက်စိပြာဝေလာခြင်း၊ အရေပြား (နှုတ်ခမ်း၊ လက်သည်း၊ ခြေသည်း၊ မျက်လုံးတစ်ဝိုက်) တွင် ပြာနှမ်းလာခြင်း တို့ကိုတွေ့ရမည်ဖြစ်ပြီး အချိန်မီ မပြုစုပေးနိုင်ပါက သတိလစ်ခြင်း အသက်ရှူရပ်ခြင်း၊ နှလုံးခုန်ရပ်ခြင်း၊ သေဆုံးခြင်းတို့ကို တွေ့ရမည် ဖြစ်ပါသည်။

 

ပြုစုနည်း
၁။ သွေးဆုတ်သွေးလန့်ခြင်းဖြစ်ရသည့် အကြောင်းအရင်းများကို ရှာဖွေပါ။


၂။ လူနာကို အသက်ရှူလမ်းကြောင်းဖွင့်ပြီး အသက်ရှူ၊ မရှူ စစ်ဆေးပါ။


၃။ သွေးလှည့်ပတ်သွားလာမှုကို စစ်ဆေးပြီး လိုအပ်ပါက အသက်ရှူအားကူနည်းနှင့်နှလုံးနှိုးဆွနည်းဖြင့် ပြုစုပါ။


၄။ သွေးယိုထွက်ခြင်းများရှိပါက သွေးထွက်မလွန်အောင် ပြုစုပါ။


၅။ လူနာကို သက်တောင့်သက်သာ အနေအထားဖြစ်အောင် ကူညီပါ။


၆။ လူနာ၏ခန္ဓာကိုယ် အေးစက်နေပါက ပုံမှန်အပူချိန် ပြန်လည်ရရှိအောင်စောင်ပါးပါး ခြုံပေးပါ။


၇။ လူနာကို အားပေးစကားပြောပါ။


၈။ လူနာကို မပြတ်ဆန်းစစ်ပြီး လိုအပ်သည့် ပြုစုစောင့်ရှောက်မှုကို ထပ်မံပြုလုပ်ပါ။


၉။ ဦးနှောက်နှင့် နှလုံးသို့ သွေးစီးဆင်းစေရန်အတွက် ခြေထောက်များကို အနည်းငယ် မြှင့်ထားပါ။


၁၀။ ဦးခေါင်းပိုင်းနှင့် ရင်ခေါင်းပိုင်း ဒဏ်ရာရပါက ဦးခေါင်းပိုင်းနှင့် ပခုံးပိုင်းကို အနည်းငယ် မြှင့်ထားရမည်။ ခြေထောက်ပိုင်းကို လုံးဝ မမြှင့်ရ။


၁၁။ လည်ပင်း၊ ကျောရိုးတန်းမနှင့် ခြေထောက်ရိုးကျိုးသည့် လူနာများကို ငြိမ်သက်စွာ ဆန့်တန်းထားရမည်။


၁၂။ လူနာကို မည်သည့် အစားအစာမျှ မကျွေးရ။ ရေ မတိုက်ရ။


၁၃။ အရက်၊ ဆေးလိပ် မသောက်ရ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
အခြေခံရှေးဦးပြုစုခြင်း လက်စွဲစာအုပ်မှ ကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18