ကလေးသွေးလွန်တုပ်ကွေးနှင့်ဓာတ်ဆားရည်
24-Feb-2017
ဓာတ်ဆားရည်များများ တိုက်လျှင် သွေးလွန်တုပ်ကွေးမှာ သွေးလန့်ခြင်း ကာကွယ်နိုင်တယ်လို့ အမှတ်မှားနေကြပါတယ်။ ဒါကြောင့် တချို့မိဘများက ဓာတ်ဆားရည်နှစ်လီတာ သုံးလီတာလောက်အထိ ကလေးကိုတိုက်ကြပါတယ်။ ဖျားနေသောကလေးကို ဓာတ်ဆားရည်တိုက်ရန် ဆရာဝန်များက ညွှန်ကြားပါတယ်။
အကြောင်းရင်းကတော့ အပူကျပြီး ချွေးထွက်တဲ့အတွက် ကုန်ခန်းသောအရည် ကို ပြန်လည်ဖြ်ည့ဆည်းပေးတာပဲ ဖြစ်ပါတယ်။ ဓာတ်ဆားရည်တိုက်ခြင်းဖြင့် သွေး လန့်ခြင်းကို မကာကွယ်နိုင်ပါ။ ဓာတ်ဆားရည်တိုက်တာများသဖြင့် ကလေးများ ခြေ လက်ဖောခြင်း၊ မျက်နှာအမ်းခြင်းများ ဖြစ်တတ်ပါတယ်။ ဓာတ်ဆားရည်တိုက်တာများပြီး ဆီးပေါက်နည်းပါက ခန္ဓာကိုယ်အတွင်း ရေဓာတ်များပြီး ကလေးမှိန်းတတ်ပါတယ်။
ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် ခန္ဓာကိုယ်ထဲမှ အရည်များ ကုန်ခန်းသွားတဲ့အတွက် ဓာတ်ဆားရည်တိုက်ခြင်းဖြင့် အရည်ခန်းခြောက်မှု မဖြစ်အောင် ကာကွယ်ကုသ တာ ဖြစ်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါမှာ ခန္ဓာကိုယ်မှ အရည်များကုန်ခမ်းပြီး အရည်ခန်းခြောက်မှု မရှိပါဘူး။ ဒါကြောင့် သွေးလွန်တုပ်ကွေးမှာ ဓာတ်ဆားရည်ကို အလွန်အကျွံ မတိုက်ရပါ။ သွေးလွန်တုပ်ကွေးဖြစ်လျှင် ကလေးမှာ အစားအသောက် နည်းသွားသဖြင့် ခန္ဓာကိုယ်တွင်း သကြားဓာတ် နည်းသွားတတ်ပါတယ်။ ဒါကြောင့် အချိုရည် (အဖြူရောင်) ကို တိုက်နိုင်ပါတယ်။ အညိုရောင်ရှိသော အစားအသောက်များ ကိုတော့ အန်လျှင်အရောင်မှားမှာ စိုးရိမ်တဲ့အတွက် မကျွေးသင့်ပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဒေါက်တာအေးသောင်း
(ကလေးအထူးကုသမားတော်ကြီး)
Health for all magazine, January 2016, No. 108, Pg. 7
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

