ချော်လဲ၍ ပွန်းပဲ့ခြင်း၊ ဒူးကွဲခြင်း၊ လက်ဓါးရှခြင်း စသည့် သွေးထွက်သံယို...
24-Feb-2017
(၁) ဒဏ်ရာကိုဖုန်ဖြင့် မသုတ်လိမ်းရ။ ဖုန်ထဲမှ မေးခိုင်ရောဂါပိုး (Tetanus) ဝင်နိုင်သည်။
(၂) အနာကို ဆပ်ပြာနှင့်ရေဖြင့် သန့်စင်ပါ။
(၃) အနာသေးပါက သွေးတိတ်ရန် ဖိအားသုံးပါ။ လက်၊ ပလာစတာ၊ ပတ်တီး တစ်ခုခုဖြင့် ပိတ်ပါ။
(၄) ပွန်းပဲ့ (သို့) ဓါးရှသည့်နေရာကို ပိုးသတ်ဆေးလိမ်းပါ။ ဥပမာ Burnol, Savlon, Betadine, Dettol စသည်ဖြင့် လိမ်းဆေးလိမ်း၍ ပလာစတာကပ်ပါ။ သို့မဟုတ် ပတ်တီးစည်းပါ။
(၅) ပါးစပ်မှ အနာအကျင်နှင့် အရောင်ပျောက်ဆေး ဥပမာ Pandol, Tylenol, Ibuprofen တစ်ခုခုတိုက်ပါ။
(၆) အနာပေါ် မလုပ်သင့်သည်များကို မလုပ်ပါနှင့်
(၁) ပါးစပ်ဖြင့် မမှုတ်ပါနှင့်
(၂) ရေမဆေး၊ ပိုးသတ်ဆေး မလိမ်းဘဲ ပတ်တီးမစည်းပါနှင့်
(၃) မိမိဘာသာ အနာကို မနှိုက်ပါနှင့်
(၄) အနာပေါ် သွားတိုက်ဆေး၊ ကိုယ်လိမ်းပေါင်ဒါ စသည်မလိမ်းပါနှင့်
(၇) ဆရာဝန်ကမေးခိုင်ဆေး (TT) ထိုးပေးပါက အထိုးခံပါ။
(၈) အရောင်သက်သာစေရန် အနာပေါ်ပရုပ်ဆီ မလိမ်းပါနှင့်။ ရေအေးအုံက လက်ခံပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
ဒေါက်တာမောင်မောင်ညို
လူတိုင်းအတွက် အရေးပေါ်ဆေးပညာ စာအုပ်မှကောက်နှုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

