နွေရာသီရဲ့ ပြင်းထန်တဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ အရေပြားကို ကာကွယ်နိုင်...
01-Apr-2026
နွေရာသီရဲ့ ပြင်းထန်တဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ အရေပြားကို ကာကွယ်နိုင်ရန် နည်းလမ်းများ
++++++++++++++++++++++++++++++++++++
၁။ နေလောင်ကာခရင်မ် (Sunscreen) ကို စနစ်တကျ အသုံးပြုပါ
နေပူထဲမထွက်ခင် မိနစ် ၂၀ အလိုမှာ SPF 30 နှင့်အထက်၊ PA+++ ပါဝင်တဲ့ Sunscreen ကို လိမ်းပေးပါ။ တစ်ခါလိမ်းရုံနဲ့ တစ်နေကုန်မခံပါဘူး။ အပြင်မှာ ဆက်တိုက်ရှိနေမယ်ဆိုရင် ၂ နာရီခြားတစ်ခါ ပြန်လည်လိမ်းပေးဖို (Re-apply) လိုအပ်ပါတယ်။ လက်ချောင်းနှစ်ချောင်းစာ ပမာဏဟာ မျက်နှာနဲ့ လည်ပင်းအတွက် အသင့်တော်ဆုံးပါ။
၂။ ခရမ်းလွန်ရောင်ခြည် အပြင်းဆုံးအချိန်ကို ရှောင်ပါ
မနက် ၁၀ နာရီကနေ ညနေ ၄ နာရီ အထိဟာ ခရမ်းလွန်ရောင်ခြည် အရှိန်အပြင်းဆုံး အချိန်ဖြစ်ပါတယ်။ ဒီအချိန်တွေမှာ မလိုအပ်ဘဲ အပြင်မထွက်တာ အကောင်းဆုံးပါ။ ထွက်ရမယ်ဆိုရင်လည်း အရိပ်ရတဲ့နေရာမှာ နေဖို ကြိုးစားပါ။
၃။ အကာအကွယ်ပစ္စည်းများဖြင့် အရေပြားကို ကာကွယ်ပါ
• လေဝင်လေထွက်ကောင်းပြီး ချွေးစုပ်တဲ့ ချည်သားပွပွတွေကို ရွေးချယ်ပါ။ လက်ရှည်၊ ဘောင်းဘီရှည်တွေက နေရောင်ကို ပိုမိုကာကွယ်ပေးနိုင်ပါတယ်။
• ဦးထုပ်အဝိုင်းကြီးများ၊ ထီး နှင့် UV အကာအကွယ်ပါသော နေကာမျက်မှန် (Sunglasses) တွေကို မပါမဖြစ် အသုံးပြုပါ။
၄။ ရေဓာတ်ဖြည့်တင်းပြီး အသားအရေကို အေးမြပါစေ
နေပူထဲက ပြန်လာတဲ့အခါ အရေပြားက အပူရှိန်ကြောင့် နီမြန်းပြီး ခြောက်သွေ့နေတတ်ပါတယ်။
• အတွင်းပိုင်း: တစ်နေ့ကို ရေ အနည်းဆုံး ၂ လီတာကနေ ၃ လီတာအထိ သောက်ပေးပါ။
• အပြင်ပိုင်း: နေလောင်ထားတဲ့ အရေပြားကို Aloe Vera (ရှားစောင်းလက်ပတ်) ပါတဲ့ Gel ဒါမှမဟုတ် Moisturizer နဲ့ အေးမြအောင် ပြန်လည်ပြုပြင်ပေးပါ။ နေပူထဲက ပြန်လာလာချင်း ရေအေးနဲ့ ချက်ချင်းချိုးတာထက် ခန္ဓာကိုယ်အပူချိန် ပုံမှန်ဖြစ်အောင် အရင်စောင့်ပါ။
၅။ အရေပြား ပြောင်းလဲမှုများကို သတိထားကြည့်ပါ
ခရမ်းလွန်ရောင်ခြည်ဟာ ရေရှည်မှာ အရေပြားကင်ဆာနဲ့ အိုမင်းရင့်ရော်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိမိအရေပြားပေါ်မှာ မှည့်အသစ်တွေ ထွက်လာတာ၊ ရှိပြီးသားမှည့်က ပုံစံပြောင်းလာတာ ဒါမှမဟုတ် ပျောက်ကွယ်မသွားတဲ့ အနီကွက်တွေ ရှိလာရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။
Dr. Hazel
#7887healthcare #seveneighteightseven #healthinformation
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

