အရေးအကြောင်းတွေကို နောက်ပြန်ဆွဲဖို့
25-Feb-2017
အရေးအကြောင်းတွေကို နောက်ပြန်ဆွဲဖို့
Free Radical တွေဟာ သင့်ရဲ့ အလှအပကို အများကြီး အနှောင့်အယှက်ပေးနိုင် ပါတယ်။ အိုမင်းစေတဲ့ ရုပ်သွင်၊ အရေးအကြောင်းတွေ ဖြစ်ပေါ်စေတဲ့ ရုပ်သွင်ကို
ဖော်ဆောင်တဲ့နေရာမှာ အဓိကစွမ်းဆောင်နိုင်ပါတယ်။ အစားအသောက် (ဥပမာ - အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း)၊ အနေအထိုင် (ဥပမာ- နေရောင်ခြည်ဒဏ် ခံရခြင်း) စသည်တို့ကြောင့်လည်း Free Radical တွေ ထွက်လာနိုင်တယ်။
Antioxidants ပါဝင်တဲ့ နေရောင်ခြည်ဒဏ်ခံ Lotion ၊ ခရင်မ်တစ်မျိုးမျိုးကို အသုံးပြုပြီး လိမ်းခြယ်နိုင်ပါတယ်။ ဗီတာမင်အီးနဲ့ ဗီတာမင်စီဟာ Free Radical တွေကို တိုက်ထုတ်ဖို့ အကောင်းဆုံး အဖော်မွန်ပါပဲ။ ဗီတာမင်စီဟာ UVA ရောင်ခြည်ကို ကာကွယ် ဖို့အတွက် အကောင်းဆုံးဖြစ်ပြီး ဗီတာမင်အီးဟာ UVB ရောင်ခြည်ကို ကာကွယ်ဖို့ အကောင်ဆုံးဖြစ်ပါတယ်။ အဲဒီနှစ်မျိုးပေါင်းပြီး ပါဝင်တဲ့ နေရောင်ခြည်ဒဏ်ခံ Lotion တွေ၊ ခရင်မ်တွေဆိုရင် ပိုမိုကောင်းမွန်စေပါတယ်။ အစားအစာအနေနဲ့လည်း ဗီတာမင်အီး ပါဝင်တဲ့ အစားအစာများ (ဥပမာ-အစေ့အနှံများ) ဗီတာမင်စီပါဝင်တဲ့ အစားအစာများ (ဥပမာ-အရည်ရွှမ်းတဲ့ အသီးများ) တို့ကို စားသုံးမယ်ဆိုရင် အရေးအကြောင်း ဖြစ်ခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကို စားသုံးမယ်ဆိုရင်လည်း ကျက်အောင်ချက်ပြုတ်မစားဘဲ မကျက်တကျက်လေး ချက်ပြုတ်စားသင့်ပါတယ်။ ဒါမှသာ အရေပြားကာကွယ်ဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ရရှိမှာ ဖြစ်ပါတယ်။
အရေးအကြောင်းတွေအတွက် နောက်ထပ်သင့်တော်တာ တစ်ခုကတော့ Moisturizer ပါဝင်တဲ့ Lotion၊ ခရင်မ်တွေ အသုံးပြုပြီး ကာကွယ်ဖို့ပါပဲ။ Moisturizer ကို နေရောင်ခြည် တိုက်ရိုက်ထိခိုက်နိုင်တဲ့ နေရာတွေရော၊ နေရောင်ခြည် အလွယ်တကူ မထိတွေ့နိုင်တဲ့ အဝတ်အစား အောက်တွေပါ လိမ်းသင့်ပါတယ်။ သင့်ရဲ့ ကောင်းမွန်စွာ အနားယူမှုဟာ သင့်ရဲ့အရေပြားအတွက် အကျိုးရှိစေပါတယ်။ ရေများများ သောက်ပါ။ အနားယူပါ။ ပြုံးပါ။ စိတ်ညစ်စရာတွေကို မောင်းထုတ်ပစ်ပါ။
ညဘက်မှာ ကောင်းကောင်းအိပ်စက် အနားယူပါ။ သင့်အနေနဲ့ အရေပြားပေါ်မှာ အရေးအကြောင်းတွေကို မလိုချင်ဘူးဆိုရင် သင့်ရဲ့စိတ်ကို ကောင်းကောင်း အနားယူဖို့ ကလည်း အရမ်းအရေးကြီးပါတယ်။ ပြင်ပအရေပြား ကောင်းမွန်ဖို့ဆိုတာ အတွင်းစိတ်က လည်း ကောင်းမွန်စွာ အနားယူဖို့ လိုအပ်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
မိုးရေဖြူ
Health for all magazine, June 2013, Pg. 65
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
