Print

အရေပြားအတွက် အဆီများ

  04-Dec-2017
Preview Image

သံလွင်ဆီ

 ခြောက်သွေ့ပြီး ထိခိုက်လွယ်သော အရေပြားအတွက် အထူးကောင်းမွန်ပါတယ်။ အရေးအကြောင်းထင်ရှားခြင်းကို ကာကွယ်ပေးနိုင်ပြီး အာနိသင်ရှိသော Moisturizer တစ်မျိုးအနေဖြင့်လည်း အသုံးပြုနိုင်ပါတယ်။ အရေပြားကို နူးညံ့ချောမွေ့စေနိုင်ပါတယ်။ 


စပျစ်သီးအဆီ

 မျက်နှာပြင် အဆီထုတ်လုပ်မှုကို ထိန်းညှိပေးနိုင်ပါတယ်။ အဆီပြန်သော အရေပြားပိုင်ရှင်များအတွက် အထူးသင့်လျော်ပါတယ်။ ကျယ်နေသော ချွေးပေါက်များကို ပြန်၍ သိပ်သည်းစေ ကျဉ်းစေနိုင်ပါတယ်။


ဗာဒံစေ့အဆီ 

 အရေပြားအားလုံးအတွက် အထူးသင့်လျော့ပါတယ်။ ခြောက်သွေ့ပြီး ထိခိုက်လွယ်သော အရေပြားအတွက် အထူးကောင်းမွန်ပါတယ်။ ဆံကေသာခြောက်သွေ့သူများအတွက် ဆံပင်တွင်လည်း လိမ်းကျံပေးနိုင်ပါတယ်။


ထောပတ်သီးအဆီ

 ဗီတာမင် အေ၊ အီးနဲ့ ဒီတို့ပါ၀င်ပြီး ထိခိုက်လွယ်သော အရေပြားအတွက် အထူးကောင်းမွန်ပါတယ်။ အရေပြားရှိ ကော်လာဂျင်ထုတ်လုပ်မှုပမာဏကိုလည်း တိုးတက်လာစေနိုင်ပါတယ်။


Lavender (လာဗင်ဒါ) ခေါ် ရေမွှေးဆီ

 အဆီပြန်ပြီး ၀က်ခြံအဖုအပိမ့်မကြာခဏ ထွက်လွယ်သောအရေပြားအတွက် ပို၍သင့်လျော်ပါတယ်။ အရေပြားလောင်ခြင်း၊ နေလောင်ဒဏ်ခံရခြင်းတို့အတွက်လည်း အသုံးပြုနိုင်ပြီး ၄င်းဖြင့် ခန္ဓာကိုယ်ကို နှိပ်နှယ်ပေးပါက အကြောအခြင်များကို ပြေလျော့စေနိုင်ပါတယ်။


Jojoba (ဂျိုဂျိုဘာ) အဆီ

 အသားအရေ အမျိုးအစားအားလုံးနဲ့ သင့်လျော်ပါတယ်။ အရေပြားကို အာဟာရဓါတ်များ ပေးနိုင်ကာ အဆီထုတ်လုပ်မှုပမာဏကိုလည်း မှန်ကန်စေနိုင်ပါတယ်။ အရေပြားကို နူးညံ့စေပြီး အစိုဓါတ်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။ 


ဒေါက်တာကောင်း

Credit: ဆည်းဆာညို၊ No. 129, October 2017, page 28.



Related Articles


Advertisment 18