အရေပြားကို နှိပ်နယ်ပေးခြင်းရဲ့အကျိုးကျေးဇူး
27-Feb-2017
အဆီတွေနှင့် ဦးရေပြားနှိပ်နယ်ပေးတာက သွေးလည်ပတ်မှုကို အားကောင်းစေပြီး ဆံပင်သားတွေကို ရှင်သန်စေနိုင်ပါတယ်။ အဲဒါအပြင် စိတ်ကိုလည်း သက်သောင့်သက်သာ ဖြစ်စေပါသေးတယ်။ ဒီလို ဦးရေပြားကို အဆီနဲ့ နှိပ်နယ်ပေးရခြင်းရဲ့ အကျိုးတွေကတော့ အများအပြားပါပဲ။
၁။ ဦးရေပြားကို ဆီနဲ့နှိပ်နယ်ပေးမယ်ဆိုရင် ဆံပင်ကိုပါ အစိုဓာတ်ပေးသလိုဖြစ်တဲ့အတွက် ဆံပင်သားတွေကို နူးညံ့လာစေနိုင်ပါတယ်။
၂။ ဦးရေပြားဟာလည်း အဆီနဲ့ ထိတွေ့ရတဲ့အတွက် အလွှာလိုက်ကွာတာနဲ့ ထိတွေ့ရတဲ့အတွက် အလွှာကွာတာနဲ့ ဦးရေပြားခြောက်သွေ့တာတွေကို လုံးဝမဖြစ်စေပါဘူး။
၃။ စိတ်ဖိစီးမှုကြောင့် လည်ပင်းနဲ့ ဦးခေါင်းပိုင်းရှိအကြောများ တင်းမာနေထိုင်မှုကိုပြေလျော့စေပြီး သွေးလည်ပတ်မှုကိုလည်း အားကောင်းစေနိုင်ပါတယ်။
၄။ ဒါ့အပြင် နေရောင်ခြည်ဒဏ်နဲ့ ရာသီဥတုဒဏ်ကြောင့် ဆံပင်သားပျက်စီးတာမျိုးမဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်။
၅။ နောက်တစ်ချက်ကတော့ ဦးရေပြားကို နှိပ်နယ်မှုပြုပေးတဲ့ သူတစ်ယောက်ဟာ ညအိပ်ရာဝင်ချိန်မှာလည်း ကောင်းမွန်စွာ အိပ်စက်နိုင်မှာ ဖြစ်ပါတယ်။
၆။ ဦးရေပြားဟာလည်း ဆီနဲ့ထိတွေ့မှုရတဲ့အတွက် ဆံပင်ရဲ့ အရင်းပိုင်းဟာလည်း သန်မာလာစေပါလိမ့်မယ်။ဒီလိုမျိုး အကျိုးရလာဒ်တွေကို ခံစားစေချင်တယ်ဆိုရင်တော့ အုန်းဆီစစ်စစ် သို့မဟုတ်ဗာဒံဆီစစ်စစ် သို့မဟုတ်နှမ်းဆီစစ်စစ်တွေထဲက နှစ်သက်ရာတစ်မျိုးမျိုးကို ရေနွေးထဲမှာ
ရောထည့်ပြီး ဦးရေပြားမှာ နှိပ်နယ်ပေးနိုင်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Snow
Health for all magazine, November 2015, Pg. 56
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
