ရေမွှေးကြောင့် အညိုကွက် ပေါ်လာခြင်း
27-Feb-2017
ရေမွှေးတချို့မှာ နေရောင်ခြည် တုံ့ပြန်မှု များစေတဲ့ ပစ္စည်းတွေ ပါဝင်တယ် ။ နေရောင်ခြည်ရဲ့ အရေပြားအပေါ် အာနိသင်ကို အများကြီး ပိုများစေပါတယ်။ ပင်လယ် ကမ်းခြေဆိုတာကလည်း နေရောင်ခြည်ကို အများဆုံးရတဲ့ နေရာပါ။ ကမ်းခြေမှာ တိုက်ရိုက် ထိတွေ့တာ၊ သဲသောင်၊ ရေ စတာတွေက ရေပြန်ဟပ်တာ၊ ကမ်းခြေမှာ အပန်းဖြေတဲ့ သူတွေ အဝတ်အစား နည်းနည်းပဲ ဝတ်တာ စတဲ့အခြေအနေမှာ ရေမွှေးက နေရောင်ခြည် တုံ့ပြန်မှု များစေတဲ့ ဓာတ်က အညိုကွက်တွေ ဖြစ်ပေါ်လာစေတာပါ။ ရေမွှေးတင်မကဘဲ မုတ်ဆိတ်ရိတ်ပြီး လိမ်းတဲ့ Aftershave နဲ့ အခြား အလှကုန်တွေမှာလည်း ဒါမျိုးပါတတ်တယ်။
ဒါမျိုးဖြစ်ရင် ကျန်းမာရေးအရ ဘာမှမဖြစ်ပေမယ့် လူမှုရေးအရ လူမြင်မကောင်းလို့ စိတ်ညစ်ရပါတယ်။ အညိုကွက်ကို ချက်ချင်းပျောက်အောင်တော့ ကုသလို့မရပါဘူး ။ လောလောဆယ်မှာ အသားအရောင် ညီတဲ့ ကာဗာလိမ်းဆေး၊ ကွန်ဆီလာ စတာတွေ လိမ်းထားနိုင်တယ်။ တဖြည်းဖြည်းနဲ့ အရောင်မှိန်ပြီး ပျောက်သွားမှာပါ။ နေကာလိမ်းဆေး နဲ့ နေရောင်ခြည် ရှောင်ကြဉ်တာလည်း လိုက်နာရမှာပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာစိုးဝင်းဦး
(အရေပြားအထူးကုဆရာဝန်ကြီး)
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

