Print

အမျိုးသမီးတွေက အရေးအကြောင်း ဖြစ်လွယ်တာလား

  25-Feb-2017
Preview Image

အမျိုးသမီးတွေက အရေးအကြောင်း ဖြစ်လွယ်တာလား
ဇီဝဗေဒဆိုင်ရာ လေ့လာချက်အသစ်အရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် စာရင် အရေပြား ပိုတွန့်လွယ်တယ်လို့ သိရှိခဲ့ကြပါတယ်။ နယ်သာလန်နိုင်ငံရဲ့ သုတေသနပြုချက်တွေအရ-

(က) အမျိုးသမီးတွေရဲ့ ပါးစပ်ဘေးနားတွေမှာ ချွေးနဲ့အဆီဂလင်းတွေရှိမှုဟာ အမျိုးသားတွေထက် ပိုမိုနည်းပါးပါတယ်။

(ခ) ဒီလိုပဲ ပါးစပ်ဘေးမှာ အမျိုးသားတွေလောက် သွေးကြောမျှင်တွေ မရှိတာ။

(ဂ) ဒါအပြင် အမျိုးသမီးတွေရဲ့ နှုတ်ခမ်းတစ်ဝိုက်က ကြွက်သားမျှင်တွေဟာ အရေပြား အလယ်လွှာကို အတွင်းပိုင်းသို့ ဆွဲဆန့်စေပြီး အရေးအကြောင်း ထင်းတာ စတာတွေ တွေ့ရှိခဲ့ကြပါတယ်။

ဒီလို အရေးအကြောင်း ထင်တာ သက်သာစေမယ့် နည်းလမ်းတွေကတော့ -

၁။ အားပါးတရ ရယ်မောတာမျိုးက မျက်နှာပြင်ရှိ အကြောနှင့် အသားစိုင်များကို ပြေလျှော့ တာ မြန်ဆန်တဲ့အတွက် ထိရောက်မှု နည်းပါးပါတယ်။

၂။ တစ်စုံတစ်ရာကို ကြိတ်ဝါးသည့်ပုံစံ မိနစ်အနည်းငယ်လောက် ပြုလုပ်ပေးခြင်းက နဖူး၊ မျက်လုံးနဲ့ ပါးစပ်အနားက ကြွက်သားတွေကို တင်းရင်းစေပါတယ်။

၃။ ပြီးတဲ့အခါ အဲဒါရဲ့ ဆန့်ကျင်ဘက် ဖြစ်ရအောင် ပါးစပ်ကို ကျယ်နိုင်သမျှ ကျယ်ကျယ်ဟပြီး မျက်လုံးကိုလည်း တတ်နိုင်သလောက် ပြူးကျယ်ထားပေးပါ။

၄။ တဖန် ပါးစပ်ကို ပြန်စေ့ပြီး နှုတ်ခမ်းကို စူကာ နှုတ်ခမ်းသားကို ဘယ်ညာ ပြောင်းရွေ့ ကာ ပြုလုပ်ပေးပါ။

၅။ ပြီးတဲ့အခါ သွားပေါ်အောင် ပြုံးပြီး မျက်လုံးကိုပါ ပြူးကျယ်ထားပါ။

၆။ နောက်တစ်နည်းကတော့ သွားပေါ်အောင် တဖန်ပြန်ပြီး ပြုံးပါ။ ဒီတစ်ခေါက်မှာတော့ အရင် ပြုံးတာနဲ့ မတူစေရန်အတွက် မေးစေ့ရှိ ကြွက်သားများကိုပါ ပင့်၍ ပြုံးပေးပါ။ ဒီလို ပြုလုပ်ပေးခြင်းက လည်ပင်းမှာရှိတဲ့ ကြွက်သားတွေကို တင်းရင်းစေပါလိမ့်မယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Health for all magazine, November 2012, Pg.51

 



Related Articles


Advertisment 18