Print

၀မ်းလျှောရောဂါကုသမှုအစီအစဉ်

  27-Feb-2022
Preview Image

ဝမ်းလျှောရောဂါကို အိမ်တွင် ကုသရန်အတွက် အချက် (၄) ချက်

၁။ ကလေးအားခါတိုင်းထက် အရည်ပိုတိုက်ပါ။

ဓာတ်ဆားရည်၊ ထမင်းရည်၊ ဆန်ပြုတ်၊စွပ်ပြုတ်၊ လတ်ဆတ်သော သစ်သီးဖျော်ရည်၊ ရေနွေး ကြမ်း (သို့) ရိုးရိုးသောက်ရေ၊ အုန်းစိမ်းရည်တိုက်ကျွေးနိုင်သည်။ အသက် (၆)လအောက် ဖြည့်စွက်စာ မကျွေးရသောကလေးအား ဓာတ်ဆားရည် (သို့) မိခင်နို့တိုက်ပါ။ ကလေးသောက်နိုင်သမျှ ဝမ်းရပ် သည်အထိ အရည်ဆက်တိုက်ရန်လိုသည်။

 

၂။ အစာဆက်ကျွေးပါ။

• မိခင်နို့မကြာခဏတိုက်ပါ။

• မိခင်နို့မတိုက်သော ကလေးဖြစ်ပါက တိုက်နေကျနို့ ဆက်တိုက်ပါ။

• ၆ လနှင့်အထက်ကလေးများအား

-ထမင်းပျော့ပျော့ကျွေးပါ။ အသား၊ ငါး၊ ပဲနှင့် အသီးအရွက်တို့ကို ရောကျွေးပါ။

- ထမင်းတစ်ခါကျွေးတိုင်း ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်း (သို့) နှစ်ဇွန်း ရောကျွေးပါ။

- လတ်ဆတ်သော သစ်သီးရည် (သို့) ငှက်ပျောသီးချေ၍ ကျွေးပါ။

- အစာကိုနူးနပ်စွာချက်ပါ။

- တစ်နေ့ (၆) ကြိမ်ကျွေးပါ။

- ဝမ်းရပ်သွားသော်လည်း ပုံမှန်ထက် တစ်နေ့တစ်ြကိမ်ပို၍ နှစ်ပတ်ခန့်ဆက်ကျွေးပါ။

၃။ ဇင့်ဆာလဖိတ်ဆေးပြားကို ၁၀ ရက် (သို့) ၁၄ ရက်တိုက်ပါ။ တိုက်ကျွေးရမည့်

ဇင့်ဆာလ်ဖိတ်ဆေးပြားပမာဏ (ဆေးပြားတစ်ပြား = ၂၀ mg)

 

၄။ ကလေးငယ်အား ကျန်းမာရေးဌာနဝန်ထမ်းများထံ ခေါ်သွားရမည့်အခြေအနေ

• အစာမစားနိုင် (သို့) ရေမသောက်နိုင်လျှင်

 

• ကလေးပို၍ နေမကောင်းဖြစ်လျှင် (ဝမ်းပိုသွားခြင်း၊ မကြာခဏအန်ခြင်း၊ ရေအလွန်အမင်းငတ် ခြင်း)

• ဖျားလာလျှင်

• ဝမ်းတွင်သွေးပါလျှင်

အန္တရာယ်လက္ခဏာများစောင့်ကြည့်၍ တွေ့ရှိပါကကျန်းမာရေးဝန်ထမ်းများနှင့် ပြသခြင်း အဓိကသတင်းစကားများ

 

• အရည်မသောက်နိုင်ခြင်း (သို့) နို့မစို့နိုင်ခြင်း

• စားသောက်သမျှအန်ခြင်း

• တက်ခြင်း

• မှိန်း၍ အနှိုးရခက်ခြင်း၊ သတိလစ်ခြင်း

• ပို၍ နေမကောင်းဖြစ်ခြင်း

• အဖျားတက်လာခြင်း

 

Ref:အမာခံအဖွဲ့ဝင်များ လက်စွဲစာအုပ်

(ရပ်ရွာအဆင့်)

 

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနဲ့ ပတ်သက်ပြီး Healthcare.com.mm ရဲ့ hotline နံပါတ် 7887 သို့ MPT, ATOM မိုဘိုင်းလ်ဖုန်းများဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနဲ့ တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18