Print

အရက်ဘီယာ သောက်သုံးခြင်းကြောင့် အရေပြားရောဂါများ ဖြစ်ပွားမှှုများလာ

  02-Jul-2021
Preview Image


အရက်၊ ဘီယာသောက်သုံး ခြင်းများကြောင့် အသက်အရွယ် အပိုင်းအခြားမရှိ

အရေပြား ရောဂါဖြစ်ပွားမှု မြင့်တက်လာလျက် ရှိကြောင်း အရေပြားဆရာဝန်ကြီးများထံက သိရှိရသည်။

 

"အရက်က လူငယ်ရောလူကြီးပါ သောက်လာကြတယ်။ သွေးနဲ့ ဓာတ်မ

တည့်တော့ ခန္ဓာကိုယ်မှာ အရေပြားရောဂါတွေဖြစ်လာတယ် ။ နေကလည်းပူနေတဲ့အချိန်ဆိုတော့ ချွေးကနေ ရောဂါပိုးမွှားတွေ တွယ်ကပ်ပြီး အခြားရောဂါတွေလည်း တိုးလာနိုင်တယ်"ဟု အရေပြား အထူးကု ဆရာဝန်တစ်ဦးက ပြောသည်။ အရက်၊ ဘီယာနှင့် ခန္ဓာကိုယ်တွင်း လည်ပတ်နေသော သွေးများ ဓာတ်မတည့်ခြင်းကြောင့် ခန္ဓာကိုယ်တွင် ယားနာဖုများ အစုအပြုံထွက်ခြင်း၊ ခြေလက်ဆစ် များယောင်ယမ်းခြင်း စသည့် လက္ခဏာများဖြစ်ပွား

တက်ပြီး ထိုမှ တဆင့် အခြားရောဂါများလွယ်ကူစွာ ဝင်ရောက်လာနိုင်ကြောင်း ဆရာဝန်ကြီးများထံက သိရှိရသည်။

 

“ကျွန်တော်က အရက်ကို လည်း ဒါ ပထမ ဦးဆုံးသောက်ဖူးတာဖြစ်တယ် ၊

သူငယ်ချင်း တွေနဲ့ တူတူ သောက်တာပဲ ၊ သူတို့ မှာ ဒီလို ယားနာ ဖြစ်တာမျိုး မရှိဘူး ၊

ကျွန်တော်လက်မှာတော့ ယားနာ ဖုလေးတွေ ထွက်လာပြီး ယောင်ကိုင်းနေတာပဲ ’’ ဟု

ကြည့်မြင်တိုင် မြို့နယ်မှ (အသက် ၂၀)ဝန်းကျင် လူငယ်တစ်ဦး ကပြောသည်။ နွေရာသီ

တွင် အပူရှိန်မြင့်မားကာ ခန္ဓာကိုယ်မှ ချွေးထွက်ခြင်းကြောင့် ပတ်ဝန်ကျင် ရောဂါပိုးမွှားများ

လွယ်ကူစွာ တွယ်ကပ်ပြီး ယားရမ်းခြင်းလက္ခဏာများ ဖြစ်ပွားပါက သန့်စင်သော ရေဖြင်

့ ဆေးကြောကာ သနပ်ခါး အရည် ကျဲ လိမ်းသင့်ကြောင်း၊ နီးစပ်ရာ ဆရာဝန်များဖြင့် ကုသသင့်ကြောင်း ဆရာဝန်ကြီးများက အကြံပြုပြော ဆိုသည်။

 

"အချို့ကြတော့လည်း အနာပျောက်ချင်ဇောနဲ့ ဟိုဆေးထည့် ဒီဆေးထည့် လျှောက်ထည့်ကြတော့ မဖြစ်သင့်တဲ့ ရောဂါတွေဖြစ်ကုန်တယ်။ ကြုံလည်း ကြုံဘူးတော့ နောက်ကိုဆရာဝန်နဲ့ပဲကုဖြစ်တော့လည်း ယားဖုပဲဖြစ် ဘာဖြစ်ဖြစ်ပေါ့"ဟု ကမာရွတ်မှ ကလေးမိဘ

တစ်ဦးက ပြောသည်။ သင်္ကြန်ကာလအတွင်း အရက်သောက်သုံးမှုမှာ ယခင်နှစ်ကထက်ပိုများလာပြီး ရာသီဥတုပူပြင်းသောကြောင့် ယခင်နှစ်များကထက် အရေပြားထိခိုက်မှု ပိုများလာခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုလျက်ရှိသည်။

 

Credit :အောင်ပြည့်ဖြိုးကျော် (မြစ်မခ)


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18