Print

အရေးပေါ်တားဆေးက ဘယ်အချိန် သင့်အတွက် အကျိုးသက်ရောက်မှု အရှိဆုံးလည်း

  05-Jun-2021
Preview Image

အရေးပေါ်ဆေးဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် မြန်နိုင်သမျှ

မြန်မြန်သောက်တာဟာ ပိုအကျိုးသက်ရောက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး နာရီ ၁၂၀ ကြာထိ သောက်လို့ရပါတယ်။အရေးပေါ်ဆေးက သင့်စက်ဝန်းချိန်မှာ ဘယ်လောက်လွှမ်းမိုးမှုရှိပြီး သင့်မျိုးကြွေချိန်နဲ့ နီးစပ်နေချိန်တွေမှာလည်း လွှမ်းမိုးမှုရှိပါတယ်။

 

ဒါကြောင့် အရေးပေါ်ဆေးကို ဖြစ်နိုင်ရင် မြန်နိုင်သမျှ မြန်မြန်သောက်ဖို့ဟာ

အရေးကြီးလှပါတယ်။ အရေးပေါ်နည်းပညာကို အပြည့်အဝ သုံးထားတဲ့ လေဒီယာအမှတ်တံဆိပ် 1Safe ကို ပထမ ၂၄ နာရီအတွင်းသောက်မယ်ဆိုရင် ကိုယ်ဝန်ရှိမှာကို စိုးရိမ်နေသူတွေအတွက် ၉၅ % ထိအကျိုးသက်ရောက်ပါတယ်။ ၇၂ နာရီအတွင်း 1Safe ကိုသောက်မယ်ဆိုရင် မလိုလားအပ်တဲ့ ကိုယ်ဝန်ရှိခြင်းကနေ ၈၈ % အကျိုးသက်ရောက်စေပါတယ်။

 

အကယ်လို့ နာရီ ၁၂၀ အထိရောက်မှသာသောက်မယ်ဆိုရင်တော့မလိုလားအပ်တဲ့ ကိုယ်ဝန်ကာကွယ်ခြင်းဟာ ပြီးခဲ့တဲ့ အချိန်တွေထက်တော့ အကျိုးသက်ရောက်မှုက နည်းပါးသွားမှာ ဖြစ်ပါတယ်။ သင်ဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံမိခဲ့တယ်ဆိုရင် မြန်နိုင်သမျှ

မြန်မြန် တစ်လုံးတည်းပါ အရေးပေါ်သောက်ဆေးဖြစ်တဲ့ 1Safe ကိုသောက်ရမှာပါ။

 

ဆေး ၂ လုံးပါ အရေးပေါ်ဆေးဆိုရင်တော့ ပထမဆေးကို အရင်သောက် ၁၂ နာရီ

ခြားမှာနောက်ဆေးတစ်လုံးကို သောက်ရမှာပဲဖြစ်ပါတယ်။ အကယ်လို့ သင်ဟာ အရေးပေါ်ဆေးကို မကြာခဏ သုံးနေတဲ့သူဆိုရင်တော့ နောက်ထပ်သားဆက်ခြားနည်းတစ်ခုကို

ပြောင်းသုံးကြည့်တာဟာ သင့်ကို အချိန်တိုင်း ပိုကောင်းတဲ့ ကာကွယ်မှု ဖြစ်နေစေမှာပါ။


Credit: Ladia myanmar

 

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18