အချိုမှုန့်နှင့်ကျန်းမာရေး
17-Nov-2017
အချိုမှုန့်တွင် အဓိကပါဝင်သော ဂလူတမစ်အက်ဆစ်သည် ခန္ဓာကိုယ်ထဲတွင် ရှိပြီးသား အမိုင်နိုအက်ဆစ် (Amino acid) တစ်မျိုးဖြစ်သည်။ ခန္ဓာကိုယ်အတွင်း လိုအပ်သလောက်သာ ထုတ်လုပ်သုံးစွဲသည့်အတွက် မရှိမဖြစ်မလိုအပ်သော (Non-essential amino acid) တစ်မျိုးဖြစ်သည်။ ထို့ကြောင့် အချိုမှုန့်ကိုစားလျှင် ခန္ဓာကိုယ်၏ လိုအပ်ချက်ထက် များစွာပိုလျှံသွားသည့်အတွက် ကျန်းမာရေးဆိုးကျိုးများပေးခြင်းဖြစ်သည်။ အချိုမှုန့်သည် ယနေ့ဖြစ်ပွားနေသော ရောဂါအများစုကို အားပေးအားမြှောက်ပြုသည့် အစားအစာဖြည့်စွက်ပစ္စည်းတစ်ခုဖြစ်သည်။
အချိုမှုန့်သည် ယနေ့ဖြစ်ပွားနေသော ရောဂါအများစုကို အားပေးအားမြှောက်ပြုသည့် အစားအစာ ဖြည့်စွက်ပစ္စည်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံတကာသုတေသီများ၏ လေ့လာတွေ့ရှိချက်များအရ အချိုမှုန့်စားသုံးခြင်းဖြင့် -
(က) ခေါင်းတစ်ခြမ်းကိုက်ခြင်း
(ခ) ဦးခေါင်းနှင့်အာရုံကြောဆိုင်ရာ ဝေဒနာများဖြစ်ပေါ်စေခြင်း
(ဂ) အဝလွန်ရောဂါဖြစ်စေခြင်း
(ဃ) နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ ဖြစ်စေခြင်း
(င) ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသားကို ထိခိုက်ခြင်း
(စ) အခြားအထွေထွေထိခိုက်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။
ကျန်းမာရေးအတွက် အန္တရာယ်ရှိသော အချို့မှုန့်ကို ခန္ဓာကိုယ်အတွင်း ဝင်ရောက်လျော့နည်းစေမည့် စားသောက်နည်း (၂) မျိုးရှိပါသည်။ ပထမအနေနှင့် မိမိအိမ်တွင် ချက်ပြုတ်စားသောက်သော ဟင်းထဲ၌ အချိုမှုန့်ထည့်ချက်သည့် အလေ့အကျင့်ကို စွန့်လွှတ်ရပါမည်။ အချိုမှုန့်ကို မီးဖိုချောင်ထဲမှ အပြီးအပိုင် စွန့်ပစ်ရန် လိုအပ်ပါသည်။ အချိုမှုန့်အစား သဘာဝမှရရှိသော ပုဇွန်ခြောက်မှုန့်၊ ကြက်သားမှုန့်နှင့် ငါးမှုန့်တို့ကို အစားထိုးအသုံးပြုရပါမည်။
ဒုတိယစားသောက်နည်းမှာ ပြင်ပအစားအစာများမှ တစ်ဆင့်ဝင်ရောက်မှုကို လျှော့ချခြင်းဖြစ်သည်။ ပြင်ပစားသောက်ဆိုင်ရာ အထူးသဖြင့် အချို့တရုတ်ဆိုင်များတွင် အချိုမှုန့် အများအပြား အသုံးပြုလေ့ရှိသောကြောင့် မကြာခဏ စားသုံးခြင်းကို ရှောင်ကြဉ်ရပါမည်။ အချိုမှုန့်အသုံးမပြုကြောင်း အတိအလင်းကြေညာထားသော စားသောက်ဆိုင်များကို ရွေးချယ်စားသောက်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။
ထို့အပြင် လူအများသတိမပြုမိသည့် အချက်မှာ အချိုမှုန့်ကို တာရှည်ခံအစားအစာများတွင် အရသာရှိစေရန်အတွက် ထည့်သွင်းထားရှိခြင်း ဖြစ်သည်။ ဥပမာ - ကြက်အူချောင်း၊ ဝက်အူချောင်းများ (all Kinds of Sausage)၊ ခရမ်းချဉ်သီးအနှစ် (Tomato ketchup)၊ ပဲပိစပ်အနှစ် (Soy sauce)၊ မယိုးနီးစ် (Mayonnaise)၊ ခေါက်ဆွဲခြောက် (Instant noodles)၊ စည်သွတ်ဘူးများ (All canned food) နှင့် အသင့်စား အစားအစာအများစု (Most readymade fast foods) တို့ဖြစ်သည်။ ထိုကဲ့သို့သော အစားအစာများကို အတတ်နိုင်ဆုံးရှောင်ကြဉ်ပြီး လတ်လတ်ဆတ်ဆတ် စားသုံးသည့် အလေ့ကို ပြောင်းလဲကျင့်သုံးရပါမည်။
Credit: ဒေါက်တာခင်မောင်လွင်
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
