Print

လုံလောက်စွာအိပ်စက်မှု

  13-Nov-2017
Preview Image


အိပ်စက်ခြင်းဟာ လူသားတို့အတွက် အရေးကြီးလှပါတယ်။ တစ်နေ့တာလှုပ်ရှားရုန်းကန်ရခဲ့ရလို့ ကာယ၊ နာတာ၊ ပင်ပန်းမှုတွေကို အိပ်စက်မှုမှ လုံလောက်စွာ ပြန်လည်အားဖြည့်စေပါတယ်။ ယနေ့ခေတ်တွင် တိုးတက်လာမှု များပြားလာမှုနှင့်အမျှ ယှဉ်ပြိုင်ရမှုတွေကိုလည်း များလာပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ကာလမှာ လုံလောက်စွာ အိပ်စက်အနားယူမှုသည်လည်း ရှားပါးလာပါတယ်။ အသက်အရွယ်အလိုက် လုံလောက်စွာ အိပ်စက်မှုရရန် သတ်မှတ်ထားသော အိပ်စက်ချိန်တို့သည်လည်း ကွဲပြားပါသည်။ အရွယ်ရောက်ပြီး လူတစ်ယောက်အနေနဲ့ အကြမ်းဖျင်းအားဖြင့် အနေဆုံး တစ်နေ့ လေးနာရီအိပ်စက်သင့်ပါတယ်။ လုံလောက်စွာအိပ်စက်မှုရရန် အတွက်မူ တစ်နေ့ကို 7.8 နာရီ အိပ်စက်သင့်ပါတယ်။ လုံလောက်စွာအိပ်စက်မှုကို အကြမ်းအားဖြင့် အောက်ပါအတိုင်း ဖော်ပြထားပါသည်။

အသက်အရွယ် တစ်နေ့တာလိုအပ်သော အိပ်စက်ချိန်

Infants (၁ နှစ်အောက်) 16-18 hr.

Preschooles (၂-၅ နှစ်) 11-12 hr.

Elemantary (၆-၁၀) အနည်းဆုံး 10 hr.

Teens (၁၁-၁၉) 9-10 hr.

Adults (>၂၀) 7-8 hr.

ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းနှင့်အတူ အလုပ်အတွက်ပေးရချိန်မှာ များလှပါတယ်။ အလုပ်ချိန်များပြားလွန်းတာကြောင့် အိပ်စက်ရမှု နည်းပါးခြင်း (သို့) မရှိခြင်းသည် ခန္ဓာကိုယ်တွင် သိသာထင်ရှားသော ပြောင်းလဲမှုများဖြစ်သည့် အဝလွန်ခြင်း၊ ရောဂါများဝင်ရောက်နိုင်ခြင်းနှင့် အချိန်စောလျင်စွာ သေဆုံးနိုင်ခြင်းတို့ကို ဖြစ်စေပါတယ်။ အိပ်စက်ခြင်းက လူသားတို့အတွက် အရေးကြီးလှပါတယ်။ အိပ်စက်ချိန်တွင် ခန္ဓာကိုယ်အတွက် လိုအပ်သော ဟော်မုန်းများ၊ ဓာတ်ပေါင်းပစ္စည်းများကို ထုတ်လုပ်ပေးပါတယ်။ ယင်းဓာတ်ပေါင်းပစ္စည်းများတွင် အစာစားချိန်စိတ်၊ ခန္ဓကိုယ်၏ ခုခံအား၊ မှတ်ဉာဏ်စွမ်းအားများကို ထိန်းညှိပေးသော ဂုဏ်သတ္တိများရှိပါတယ်။ 


လုံလောက်စွာအိပ်စက်မှုဆိုရာတွင် စံအဖြစ်သတ်မှတ်ထားသော 7-8 နာရီ အိပ်စက်ခြင်းသည် အသင့်တော်ဆုံးဖြစ်ပါတယ်။ တဆက်တည်း 7-8 နာရီထက် ကျော်လွန်၍ အိပ်စက်ခြင်းသည်လည်း ကျန်းမာရေးကို ထိခိုက်စေပါတယ်။ လေ့လာမှုများအရ လိုအပ်သည်ထက် ပိုမိုအိပ်စက်ခြင်းသည် အချိန်မတိုင်မီ စောလျင်စွာ သေဆုံးနိုင်ချေ ၃၀% တက််စေပါတယ်။


အထက်မှာဖော်ပြခဲ့သည့်အတိုင်း အိပ်စက်ခြင်းသည် အစာစားချင်စိတ်အပေါ် လွှမ်းမိုးမှုရှိပါတယ်။ လုံလောက်သော အိပ်စက်မှုမရှိလျှင် ခန္ဓာကိုယ်၏ စွမ်းအင်လိုအပ်မှု မြင့်တက်စေပါတယ်။ ပုံမှန်အားဖြင့် အိပ်စက်နားနေချိန်တွင် ခန္ဓာကိုယ်လှုပ်ရှားမှုနှင့် ကယ်လိုရီလိုအပ်မှုတို့သည်လည်း လျော့နည်းပါတယ်။ သို့သော် အိပ်စက်အနားယူမှုမရှိပါက ဦးနှောက်ရဲ့ စေ့ဆော်မှုကြောင့် ဆာလောင်ခြင်းကို ဖြစ်စေကာ ပိုမိုစားမိစေခြင်း၊ လေ့ကျင့်ခန်းလုပ်ဆောင်မှု လျော့နည်းခြင်းတို့မှှတဆင့် အဝလွန်ခြင်းကို ဦးတည်စေပါတယ်။ ယင်းသည် အမျိုးအစား ၂ နှင့် ဆီးချိုဝေဒနာရှင်များသည် သွေးတွင်းသကြားဓာတ် ထိန်းချုပ်မှုကို ထိခိုက်စေပါတယ်။ 


အိပ်စက်နားနေခြင်းမှာ ထွက်သော အချို့ဟော်မုန်းများ (eg. Cytokines) သည်လည်း ခန္ဓာကိုယ်၏ ခုခံအားစနစ်အတွက် အရေးပါလှပါတယ်။ ရောင်ရမ်းမှုနှင့် ရောဂါပိုးဝင်ရောက်ခြင်းကို ခုခံမှုတို့အတွက် အရေးပါသော ၎င်းဟော်မုန်းများ လုံလောက်စွာ မထွက်ရှိပါက မကြာခဏဖျားနာခြင်း၊ ပန်းနာရင်ကျပ်ဝေဒနာရှင်များတွင် ရောဂါလက္ခဏာများအပေါ် သက်ရောက်မှုရှိခြင်းတို့ဖြစ်စေပါတယ်။ 


မှတ်ဉာဏ်စွမ်းအား ပြန်လည်အားဖြည့်ရာတွင် အိပ်စက်ခြင်း၏ ကဏ္ဍမှာ အရေးပါလှပါတယ်။ အိပ်စက်အနားယူပြီး ဉာဏ်ရွှင်ကာ မှတ်ဉာဏ်အား ကောင်းမွန်ကြောင်းကို အတော်များများ သိရှိလက်ခံပြီး ဖြစ်ပါတယ်။ လုံလောက်စွာအိပ်စက်ရမှုသည် လေ့လာသင်ယူမှု စွမ်းရည်သည်ပင် များစွာအကျိုးသက်ရောက်မှုရှိပါတယ်။ အိပ်စက်ချိန် လုံလောက်မှုမရှိပါက သင်ယူနိုင်မှု မှတ်ဉာဏ်စွမ်းအားလျော့နည်းခြင်း တီထွင်ဖန်တီးနိုင်စွမ်းအား လျော့ခြင်း၊ ဆုံးဖြတ်နိုင်မှု၊ သတင်းအချက်အလက် လက်ခံနိုင်မှု၊ ဆင်ခြင်တုံးတရားအားနည်းမှုတို့ကို ဖြစ်စေနိုင်ပါတယ်။ 


လုံလောက်စွာအိပ်စက်မှုမရှိခြင်းသည် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အဝလွန်ခြင်းနှင့် အိပ်နေစဉ် အသက်ရှူပိတ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ထို့ကြောင့် ကိုယ်စိတ်နှစ်ပါး ကျန်းမာစေမှုအတွက် အရေးကြီးသော အိပ်စက်မှုကို ကောင်းမွန်သော အလေ့အကျင့်တစ်ခုအဖြစ် တည်ဆောက်ခြင်းဖြင့် ကျန်းမာပျော်ရွှင်သော လူနေမှုဘဝတစ်ခုကို ဖန်တီးတည်ဆောက်နိုင်မှာပါ။


Credit: Dr. Charm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18